BBC navigation

ဒေါ်စု တောင်ကိုရီးယား သမ္မတနဲ့ တွေ့ဆုံ

နောက်ဆုံး ရေးသားချိန် 29 ဇန်နဝါရီလ 2013 - 16:51 GMT

ဒေါ်စုနဲ့ တောင်ကိုရီးယား သမ္မတတို့ ရင်းရင်း နှီးနှီး တွေ့ဆုံ

တောင်ကိုရီးယား နိုင်ငံကို ၅ ရက်ကြာ အလည် အပတ် ခရီး ရောက်ရှိ နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှူး မြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဒေါ်အောင်ဆန်း စုကြည်ဟာ တောင်ကိုရီးယား သမ္မတ လီမြောင်ဘက်နှင့် ဆိုးလ်မြို့မှာ အင်္ဂါနေ့က တွေ့ဆုံ ခဲ့ပါတယ်။

တွေ့ဆုံပွဲမှာ နှစ်နိုင်ငံ ပညာရေးနဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ဖို့ ကိစ္စရပ်တွေကို ဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ နောက်မှာတော့ ဒေါ်အောင်ဆန်း စုကြည်ဟာ ရှေ့လမှာ သမ္မတ ဖြစ်လာ တော့မယ့် အမျိုးသမီး သမ္မတလောင်း ပတ်ဂွန်ဟေးနဲ့ တွေ့ဆုံ ခဲ့ရာမှာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက် ကောင်းမွန်လာရေး ကို ဆွေးနွေးခဲ့ ပါတယ်။

ညနေပိုင်း မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖျောင်းချန်းမြို့က အထူး အိုလံပစ် ပြိုင်ပွဲ ဖွင့်ပွဲ ကို တက်ရောက်ခဲ့ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။