BBC navigation

လက်ပံတောင်းတောင် ၂ လပြည့် ကျင်းပ

နောက်ဆုံး ရေးသားချိန် 29 ဇန်နဝါရီလ 2013 - 23:16 GMT
bbc_341_letpadaung_

လက်ပံတောင်းတောင် ၂ လပြည့် ဆန္ဒပြ

လက်ပံတောင်းတောင် စီမံကိန်းဆန္ဒပြ သပိတ် အကြမ်းဖက်မှု ၂ လပြည့် တဲ့ အနေနဲ့ ဒေသခံ ရွာသူရွာသား နှစ်ထောင်ကျော် ဟာ တုံရွာ ကနေ ညောင်ပင်ကြီး ကူးတို့ဆိပ် အထိ ကြွေးကြော်သံတွေ နဲ့ ဇန္နဝါရီလ ၂၉ ရက် နေ့ ကဆန္ဒ ပြကြပါတယ်။

ဆားလင်းကြီး အာဏာပိုင်တွေက ပုသိမ် မုံရွာ ကားလမ်းဆုံမှာ ဆန္ဒပြသူတွေ ကို တားဆီးဟန့်တား ခဲ့တာကြောင့် ညနေပိုင်းမှာ လူစုခွဲကြတဲ့ အကြောင်း ဆန္ဒပြပွဲမှာ ပါဝင်သူ ဝိဇ္ဇာ သိပ္ပံ တက္ကသိုလ်များ ကွန်ယက် ရဲ့ ဒုတိယ တာဝန်ခံ ကိုသော်ဇင် က ဘီဘီစီ ကို ပြောပါတယ်။

ရန်ကုန်ဆေးရုံကြီး မှာ လက်ပံတောင်းတောင် စီမံကိန်းဆန္ဒပြ သပိတ် အကြမ်းဖက်မှု အတွင်း မီးလောင် ဒဏ်ရာ ရကြလို့ ဆေးကုသမှု ခံယူနေကြတဲ့ သံဃာတော်တွေ ကို ဆွမ်းကပ်လှူဒါန်းပွဲ လည်း ကျင်းပတဲ့ အကြောင်း ပြည်သူ့ အကျိုးဆောင် ကွန်ယက် မှ တာဝန်ခံ ကိုဟန်ဝင်းအောင် က ဘီဘီစီ ကို ပြောပါတယ်။

လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြနေကြသူ တွေက ဇန္နဝါရီလ ၃၁ ရက်နေ့ မှာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာ ထွက်တော့မှာမို့ အစီရင်ခံစာ အရ ဒီစီမံကိန်းကို ဒေသခံတွေ တောင်းဆိုတဲ့ အတိုင်း ရပ်ဆိုင်း မပေးရင် စီမံကိန်း မရပ်မချင်း ဆန္ဒပြ တောင်းဆိုမှု တွေ ဒေသခံတွေ နဲ့ ပြည်သူတွေ ဆက်လက်လုပ်ကိုင် ကြမယ့် အကြောင်း ဘီဘီစီ ကို ရှင်းပြကြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။