BBC navigation

စစ်တပ်နဲ့ အိုးအိမ်သိမ်းလယ်တွေ ပြန်ပေးမယ်

နောက်ဆုံး ရေးသားချိန် 1 ဖေဖေါ်ဝါရီလ 2013 - 01:16 GMT
land

သီလဝါ စက်မှုဇုန်နားက လယ်သမား

စစ်တပ်နဲ့ အိုးအိမ်ဦးစီး ဌာနတို့က သိမ်းထားတဲ့ လယ်ယာမြေ ဧက များစွာထဲက နိုင်ငံတော် စီမံကိန်း တွေ အတွက် မလိုအပ်တဲ့မြေတွေကို မူလပိုင်ရှင်တွေ လက်ထဲ ပြန်လည် လွှဲပြောင်းဖို့ အစီအစဉ် ရှိတယ်လို့ လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်တဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ အစိုးရဌာနတွေက နိုင်ငံတော် အတွက် လိုအပ်လို့ ဆိုပြီး ၁၉၈၈ နောက်ပိုင်းမှာ သိမ်းထားတဲ့ လယ်ယာမြေ ဧက သိန်းနဲ့ချီ ရှိပါတယ်။

အဲဒီမြေတွေကို စစ်တပ်အနေနဲ့ တိကျတဲ့ ညွှန်ကြားချက် လုပ်ထုံး လုပ်နည်းတွေ အတိုင်း သိမ်းယူခဲ့တာ ဖြစ်ပြီး သက်ဆိုင်ရာ လယ်သမားတွေကို အလျော်ပေးဖို့လည်း ဆောင်ရွက်ခဲ့တယ်လို့ ဒုတိယစစ်ထောက်ချုပ်က လယ်ယာမြေစုံစမ်းရေးကော်မရှင်ကို ပြောခဲ့ကြောင်း ကော်မရှင် အဖွဲ့ဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြောပါတယ်။

ဒါပေမယ့် မြေသိမ်းခံ လယ်သမားတွေ ကတော့ တရားမျှတတဲ့ လျော်ကြေး မရဘူးလို့ ပြောကြပါတယ်။

ဧကပေါင်း သိန်းနဲ့ချီ ရှိတဲ့အထဲက ဘယ်ရွေ့ဘယ်မျှ ပြန်ပေးမလဲ ဆိုတာတော့ မသိရပါဘူး။

ဒါပေမယ့် မကြာခင် လပိုင်းအတွင်းမှာဘဲ အဲဒီလို လွှဲပြောင်းပေးမယ့် အစီအစဉ် ဖြစ်လာလိမ့်မယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။