BBC navigation

ဗမာနဲ့ တိုင်းရင်းသားတွေ အတိတ်ကို သင်ခန်းစာယူကြဖို့ ဒေါ်စုပြော

နောက်ဆုံး ရေးသားချိန် 2 ဖေဖေါ်ဝါရီလ 2013 - 02:08 GMT

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ကော့မှုးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဟာ သောကြာနေ့ ညနေက တောင်ကိုရီးယားကနေ မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိလာခဲ့ပါပြီ။

သောကြာနေ့ မနက်က ဒေါ်အောင်ဆန်းစုကြည်ဟာ ဆိုးလ်မြို့ ကင်မ်ဒေးဂျုံ စာကြည့်တိုက် ခန်းမမှာ တောင်ကိုးရီးယားရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံရာမှာ တခြားနိုင်ငံတွေက သင်ယူစရာတွေ အများကြီးရှိပြီး အတုယူသင့်တာကို ယူပြီး မယူသင့်တာကို မယူကြဖို့ ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုက ပိုအရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။

နောက်ပြီး ကိုယ့်မိခင်နိုင်ငံကို ကိုယ်မမေ့ကြဖို့ ကိုယ်နိုင်ငံကို ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကူညီပံပိုးကြဖို့ကိုလည်း ပြောခဲ့ပါတယ်။

ခိုင်မာတဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီးဖြစ်ဖို့ အားလုံးက ဝိုင်းရုန်းကန်ရင် မဖြစ်နိုင်စရာမရှိဘူးလို့ ပြောပါတယ်။

ဗမာနဲ့ တိုင်းရင်းသားတွေကြား မတူကွဲပြားတာတွေရှိပေမယ့် မတူကွဲပြားမှုကနေ အင်အားယူပြီး ညီညွတ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက် ရှိရမယ်လို့ ပြောပါတယ်။ဒီလိုတည်ဆောက်နိုင်ဖို့ ဆိုရင် အများစုဖြစ်တဲ့ ဗမာတွေက ပိုပြီး သဘောထားကြီးဖို့လိုတယ်၊ တာဝန်ယူဖို့ လိုတယ်၊ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေကလည်း သမိုင်းမှာ မကျနပ်စရာရှိခဲ့ရင် ခွင့်လွှတ်စေချင်တယ်၊ သဘောထားကြီးကြီးနဲ့ အတိတ်ဆိုတာ အနာဂတ်အတွက် သင်ခန်းစာ ဖြစ်ရမယ် အနာဂတ်ကို ချည်နှောင်ထားမယ့် နှောင်ကြိုးတွေ မဖြစ်သင့်ဘူး၊ အနာဂတ်ပိုကောင်းဖို့ အတိတ်က သင်ခန်းစာယူပြီး ညီညီညွတ်ညွတ်နဲ့လုပ်ရင် အရင်က အာရှမှာ လျှမ်းလျှမ်းတောက်ခဲ့တဲ့ မြန်မာနိုင်ငံအဖြစ်ကို ပြန်ရောက်နိုင်မယ်လို့ တိုက်တွန်း ပြောဆို သွားပါသည်။

ဒီနောက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံသားတွေရဲ့ မေးမြန်းတဲ့ မေးခွန်းတွေကိုလည်း ဖြေကြားသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကို မပြန်ခင် နေ့လယ်ပိုင်းမှာ ဆိုးလ်တက္ကသိုလ်မှာ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို လက်ခံရယူခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။