BBC navigation

လူချမ်းသာတွေထက် ဆင်းရဲသူတွေ ဖွံ့ဖြိုးဖို့လို

နောက်ဆုံး ရေးသားချိန် 2 ဖေဖေါ်ဝါရီလ 2013 - 15:43 GMT
Burma Economy

ဆင်းရဲမှုက ရုံးထွက်ဖို့ဆိုရင် လယ်ယာလုပ်ငန်းမှာ အများကြီး တိုးတက်ဖို့လို

ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံများစာရင်း LDC မှာပါတဲ့ မြန်မာနိုင်ငံအနေနဲ့ ဆင်းရဲတွင်းက ရုံးထွက် နိုင်ဖို့ဆိုရင် ချမ်းသာ သူတွေ ပိုချမ်းသာတာထက် ဆင်းရဲသူတွေရဲ့ ဘဝကို ပိုမြှင့်တင် ပေးသင့်ကြောင်း စီးပွားရေး ပညာရှင် ဦးမော်သန်းက ပြောပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ဖေဖော်ဝါရီ ၁ ရက် ရေဒီယို မိန့်ခွန်းမှာ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အကူအညီတွေကြောင့် အဆင်း ရဲဆုံး နိုင်ငံစာရင်းက ရုံးထွက်ဖို့ ပထမ ခြေလှမ်းအဖြစ် တိုးတက်မှု ရနေပြီလို့ ဆိုပါတယ်။

အကူအညီတွေဟာ အရင်ကလို ကိုယ်ကျိုးရှာတဲ့ နေရာတွေ ကဏ္ဍတွေမှာ အသုံးအပြုသင့်တော့ပဲ ဆင်းရဲသူတွေ ဘဝ တိုးတက်အောင် ဦးစားပေးကဏ္ဍတွေ ချမှတ်ပြီး အစိုးရအနေနဲ့ လုပ်ဆောင်သင့်ကြောင်း စီပွားရေး တက္ကသိုလ် ပါမောက္ခချုပ် ဦးမော်သန်းက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လူဦးရေ အများစုဟာ ကျေးလက်မှာ နေကြသလို အများစုက လယ်ယာ လုပ်ငန်း လုပ်ကိုင်ကြတာမို့ လယ်ယာ လုပ်ငန်းမှာ ဖွံ့ဖြိုးလာဖို့ အကူအညီတွေ ပေးဖို့ လုပ်ရမယ်လို့ သူက ပြောပါတယ်။

နောက်ပြီး လယ်ယာလုပ်ငန်း မလုပ်သူတွေ အတွက်ဆိုရင်လည်း အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ဖန်းတီးပေး နိုင်အောင် လုပ်ရ မယ်လို့ ဦးမော်သန်းက ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းမှာ စီးပွားရေး အကြောင်း အဓိကထား ပြောပေမယ့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေးဖို့ ကမ်းလှမ်းတာတွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်း ကိစ္စတွေ အပေါ်မှာ အစိုးရရဲ့ သဘောထား တွေကိုလည်း ထည့်သွင်း ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။