BBC navigation

အစိုးရနဲ့ ကေအိုင်အို ရွှေလီမှာ တွေ့ဆုံမယ်

နောက်ဆုံး ရေးသားချိန် 2 ဖေဖေါ်ဝါရီလ 2013 - 20:55 GMT
KIO Peace Talk

ပြီးခဲ့တဲ့ ရွှေလီဆွေးနွေးပွဲက မှတ်တမ်းပုံ ဖြစ်ပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုနဲ့ အစိုးရကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုကို လာမယ့် တရက်နှစ်ရက်အတွင်း တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ကျင်းပမယ်လို့ ကေအိုင်အိုဘက်က ထွက်လာတဲ့ သတင်းတွေအရ သိရပါတယ်။

ကေအိုင်အိုဘက်က ကချင်လွတ်လပ်ရေးတပ် ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် တက်ရောက် ဆွေးနွေးမှာ ဖြစ်သလို၊ မြန်မာ့တပ်မတော်ဘက်ကကလည်း တပ်ပိုင်းဆိုင်ရာ အဆုံးအဖြတ်ပေးနိုင်တဲ့ ဗိုလ်ချုပ်ကြီး တဦးဦးပါလာဖို့ ရှိပါတယ်။

ရွှေလီမှာ နှစ်ဘက်ကြား ဆွေးနွေးဖို့ ဖြစ်လာတာဟာ တရုတ်နိုင်ငံက သဘောတူညီမှုကြောင့် ဖြစ်သလို အခုလို ဆွေးနွေးမှုတွေကို တရုတ်က လိုလားပုံရတယ်လို့ တရုတ်-မြန်မာ နယ်စပ်က ဘီဘီစီ သတင်းထောက် ဦးမျိုးသစ်က သုံးသပ်ပါတယ်။

နှစ်ဘက်ကြား ကြိုကြားတိုက်ခိုက်မှုတွေက ရှိနေဆဲဖြစ်သလို အခုလို တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေ ပါဝင် ဆွေးနွေးမှုကြောင့် တင်းမာမှုတွေ လျော့သွားနိုင်ပါတယ်လို့ သူက ဆိုပါတယ်။

ကေအိုင်အိုက ငြိမ်းချမ်းရေးအတွက် အစိုးရနဲ့ တိုက်ရိုက် မဆွေးနွေးတော့ဘဲ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နဲ့သာ ကချင့်အရေး ဆွေးနွေးကြပါလို့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ထုတ်ဖော် ပြောပြီးနောက်မှာမှ အခုလို အစိုးရနဲ့ တိုက်ရိုက် ဆွေးနွေးမယ်လို့ ကေအိုင်အိုဘက်က ကြားရတာလည်း ဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။