BBC navigation

ငါးဖမ်း လှေတစီးကို သီရိလင်္ကာက ကယ်တင်

နောက်ဆုံး ရေးသားချိန် 3 ဖေဖေါ်ဝါရီလ 2013 - 15:15 GMT

လှေဟာ ၁၀ ရက်ကြာ ပယ်လယ် ထဲမှာ မျော် နေခဲ့ တာ ဖြစ်

ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ မြန်မာ နိုင်ငံက လူတွေ ပါတဲ့ ငါးဖမ်း လှေတစီး နှစ်မြုပ် နေတာကို တွေ့ရှိ ရတဲ့ အတွက် သီရိလင်္ကာ ရေတပ် ကနေ ကယ်ဆယ် ခဲ့တယ်လို့ ပြောပါတယ်။

လှေပေါ်မှာ တဦး ကတော့ သေဆုံး နေပြီး တခြား အတော် များများ ကိုတော့ ရေဓာတ် ဆုံးရှုံး နေလို့ ဆေးကုသ ပေးနေ ရတယ်လို့ ဆိုပါတယ်။

ဒီလှေဟာ ၁၀ ရက်ကြာ ပယ်လယ် ထဲမှာ မျှော်နေခဲ့တာ ဖြစ်ပြီး၊ ဒီလူတွေဟာ ဘယ်ကနေ လာလို့ ဘယ်ကို သွားမယ် ဆိုတာ ကတော့ အသေ အချာ မသိရ သေးဘူးလို့ ပြောခွင့်ရသူက ဆိုပါတယ်။

သီရိလင်္ကာ အရှေ့ဘက် ကမ်းခြေနဲ့ ၈ ကီလို မီတာ ပင်လယ်ပြင်မှာ လှေတစီး လူအပြည့်နဲ့ မျော်နေတာကို ငါးဖမ်း သမား တဦးက တွေ့ရှိပြီး အာဏာပိုင် တွေကို အကြောင်းကြား လာတာ ဖြစ်တယ်လို့ လည်း ပြောခွင့်ရသူက ပြောပါတယ်။

အဲဒီနောက် သီရိလင်္ကာ ရေတပ် ကနေ သင်္ဘော သုံးစီး လွှတ်ပြီး သွားကယ်ဆယ် ရာမှာ အချိန် နာရီ ၂၀ လောက် ကြာတယ်လို့ ဆိုပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။