BBC navigation

အစိုးရနဲ့ တွေ့ဆုံဖို့ ကေအိုင်အို အတည်ပြု

နောက်ဆုံး ရေးသားချိန် 3 ဖေဖေါ်ဝါရီလ 2013 - 12:46 GMT

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ တုန်းကလည်း ရွှေလီမှာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါသေးတယ်

ကချင် လွတ်လပ်ရေး အဖွဲ့ ကေအိုင်အိုနဲ့ မြန်မာ အစိုးရတို့ မနက်ဖြန် ဖေဖေါ်ဝါရီ ၄ ရက် တနင်္လာနေ့ ကျရင် တရုတ်နိုင်ငံ ရွှေလီမှာ တွေ့ဆုံ ဆွေးနွေးကြ မယ်လို့ ကေအိုင်အို ပြောခွင့်ရ ဦးလနန်းက ဘီဘီကို အတည်ပြု ပြောကြားပါတယ်။

ဒီဆွေးနွေး ပွဲကို ကေအိုင်အို ဗဟိုကော်မတီ ငါဦးပါ အဖွဲ့ တက်ရောက်မှာ ဖြစ်ပြီး မြန်မာ အစိုးရဘက်က ဘယ်သူတွေ တက်မယ် ဆိုတာ မသိရသေးပါ။

ဘာတွေ ဆွေးနွေး ကြမယ် ဆိုတာ ကတော့ မသိရသေးဘဲ မနက်ဖြန် တွေ့ဆုံတဲ့ အခါကြမှာသာ သိရမှာ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

မြန်မာ ပြည်တွင်းက စစ်ပွဲတွေကြောင့် နယ်စပ် တည်ငြိမ်ရေး ကိုပါ စိုးရိမ် လာတဲ့ အတွက် တရုတ်ဘက်က အခုလို ကမ်းလှမ်း လာတာ ဖြစ်တယ်လို့ လည်း ဦးလနန်းက ပြောပါတယ်။

တရုတ်က ကြားဝင်ပြီး ကမကထ ပြုလုပ် ပေးတဲ့ ဒီဆွေးနွေး ပွဲကို အရင်လို ယူနန် ပြည်နယ် အစိုးရက ဆက်သွယ် လာတာ မဟုတ်ဘဲ တရုတ် ဗဟို အစိုးရ ကနေ အကြောင်းကြား လာတာ ဖြစ်တယ် လို့လည်း ဦးလနန်းက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။