BBC navigation

ကေအိုင်အိုနဲ့ အစိုးရ ဆွေးနွေးပွဲ ပြန်စပြီ

နောက်ဆုံး ရေးသားချိန် 4 ဖေဖေါ်ဝါရီလ 2013 - 10:38 GMT

တရုတ်နိုင်ငံက ကမကထ ပြုလုပ်ပေး ခဲ့တာ ဖြစ်ပါတယ်

ကချင်လွတ်လပ်ရေး အဖွဲ့ အေအိုင်အိုနဲ့ မြန်မာ အစိုးရ အကြား တွေ့ဆုံ ဆွေးနွေးမှု တွေကို ဒီကနေ့ ပြန်လည် စတင်နေပြီ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေး ရရှိရေး အတွက် ပဏာမ အဆင့် ဖြစ်တယ်လို့ ကေအိုင်အို ပြောခွင့်ရ ဦးလနန်းက ဘီဘီစီကို ပြောပါတယ်။

တရုတ် မြန်မာ နယ်စပ် တရုတ်နိုင်ငံ ဘက်ခြမ်း ရွှေလီမြို့မှာ ပြုလုပ်တဲ့ ဒီဆွေးနွေး ပွဲကို တရုတ် ကနေ ကမကထ ပြုလုပ်ပေးခဲ့တာ ဖြစ်ပြီး တရုတ် အဆင့်မြင့် အရာရှိ တဦးလည်း တက်ရောက်ခဲ့ ပါတယ်။

မကြာသေးခင်က ဖြစ်ပွား ခဲ့တဲ့ မြန်မာ အစိုးရ တပ်ဖွဲ့တွေနဲ့ ကေအိုင်အေ တပ်ဖွဲ့တွေ အကြား တိုက်ခိုက်မှု တွေမှာ အစိုးရဘက်က လေကြောင်း တိုက်ခိုက်မှုတွေ ပါ ပြုလုပ် ခဲ့တာကြောင့် တရုတ်တို့ အနေနဲ့ နယ်စပ် တည်ငြိမ်ရေးကို စိုးရိမ်ကြောင်း ထုတ်ဖေါ် ပြောကြား လာခဲ့တာ ဖြစ်ပါတယ်။

အရင် ဆွေးနွေးပွဲတွေ တုန်းကတော့ ကေအိုင်အို ဘက်က နိုင်ငံရေး အရ ဆွေးနွေးမယ့် သဘောတူညီချက် တစုံတရာ တောင်းဆိုခဲ့ ပေမယ့် အစိုးရဘက် ကတော့ အပစ် အခတ် ရပ်စဲရေးကိုသာ အဓိက ဆွေးနွေး လိုတာကြောင့် အောင်မြင်မှု မရ ဖြစ်ခဲ့ရတာပါ။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။