BBC navigation

မြဝတီနယ်စပ်ဂိတ် နိုင်ငံတကာဂိတ် ဖြစ်မယ်

နောက်ဆုံး ရေးသားချိန် 4 ဖေဖေါ်ဝါရီလ 2013 - 21:13 GMT

နောက်ပိုင်း ကျရင် ထွက်ချင်တဲ့ နယ်စပ်ဂိတ် အပေါက် ကနေ ထွက်ခွာခွင့် ပြုဖို့ အထိ လုပ်ဆောင်နေ

မြဝတီ- မဲဆောက် နယ်စပ် ဂိတ်ကို နိုင်ငံ တကာ နယ်စပ်ဂိတ် အဖြစ် ဝင်ထွက် သွားလာ ခွင့်ပြုဖို့ လူဝန်မှု ကြီးကြပ်ရေး ဝန်ကြီးဌာနဲ့ ကရင် ပြည်နယ် အစိုးရတို့ ဆောင်ရွက်နေ ကြပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့ နယ်စပ်ဂိတ် ကနေ နိုင်ငံကူး လက်မှတ် ကိုင်ဆောင် ထားတဲ့ ထိုင်း နိုင်ငံသားနဲ့ နိုင်ငံခြားသား တွေကို ဖြတ်သန်းသွား လာခွင့်ပြုဖို့ အတွက် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီနဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဗိုလ်မှူးချုပ် ဇော်မင်းတို့ မကြာခင်က ဆွေးနွေးခဲ့ ကြပါတယ်။

ပထမ အဆင့် အနေနဲ့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် အပြင် ကျိုက်ထီးရိုး အထိ သွားလာခွင့်နဲ့ နောက်ပိုင်း မှာတော့ ထွက်ချင်တဲ့ နေရာ ကနေ ပြန်ထွက်ခွာခွင့် ပြုဖို့ အထိ လုပ်ဆောင် နေတယ်လို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဗိုလ်မှူးချုပ် ဇော်မင်းက ပြောပါတယ်။

ထိုင်းအစိုးရနဲ့ ညှိနှိုင်း ဆောင်ရွက် ပြီးရင် ဧပြီလ လောက်မှာ စတင် နိုင်ဖို့ စီစဉ်နေတဲ့ အကြောင်း ဝန်ကြီးချုပ် ဗိုလ်မှူးချုပ် ဇော်မင်းနဲ့ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဌာနက အဆင့်မြင့် အရာရှိ တစ်ဦးက ပြောပါတယ်။

နိုင်ငံခြားသားတွေ အပြင် နိုင်ငံကူး လက်မှတ် ကိုင်ဆောင်တဲ့ မြန်မာ နိုင်ငံသားတွေ ကိုလည်း သွားလာခွင့် ပြုမှာ ဖြစ်ပါတယ်။ အဲဒီလို ကုန်းလမ်းနဲ့ သွား လာခွင့် ရှိမှာ ဖြစ်သလို မဲဆောက်မြို့ ကနေ မော်လမြိုင်ကို လေယာဉ်နဲ့ သွားလာဖို့ ကိုလည်း နှစ်နိုင်ငံ အစိုးရတွေက စီစဉ်နေ ကြပါတယ်။

လက်ရှိ မှာတော့ နိုင်ငံကူး လက်မှတ်နဲ့ ဝင်ထွက် သွားလာ ခွင့်ကို ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေး လေဆိပ်တွေ မှာသာ ခွင့်ပြု ထားတာ ဖြစ်ပြီး နယ်စပ် ကနေ ဝင်ထွက် သွားလာ နိုင်မယ့် ပထမဆုံးဂိတ် ကတော့ မြဝတီ နယ်စပ်ဂိတ် ဖြစ်လာ တော့မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။