BBC navigation

ဆေးတက္ကသိုလ် ဝင်ခွင့် ဦးရေ လျှော့ချ

နောက်ဆုံး ရေးသားချိန် 5 ဖေဖေါ်ဝါရီလ 2013 - 18:01 GMT

နေပြည်တော်က ပညာရေး ဝန်ကြီးဌာန

မြန်မာ နိုင်ငံမှာ အခုနှစ် အတွက် ဆေးတက္ကသိုလ် ဝင်ခွင့် ကျောင်းသား အရေ အတွက်ကို တဝက် အထိ လျှော့ချ လိုက်ပါ တယ်။

ဒါ့အပြင် ကျောင်းသူ ကျောင်းသား အချိုး အစား ကိုလည်း အရင်လို ကျောင်းသား တွေကို ပိုလက်ခံ တာမျိုး မလုပ် တော့ဘဲ အချိုးကျ တဝက်စီ လက်ခံ သွားမှာ ဖြစ်တယ် လို့ ကျန်းမာရေး ဝန်ကြီး ဒေါက်တာ ဖေသက်ခင်က ဘီဘီစီကို ပြောပါတယ်။

ရန်ကုန် ဆေးတက္ကသိုလ် ၁ ၊ ဆေးတက္ကသိုလ် ၂၊ မန္တလေး ဆေးတက္ကသိုလ်နဲ့ မကွေး ဆေးတက္ကသိုလ် စတဲ့ ဆေးတက္ကသိုလ် ၄ ခု စလုံး အတွက် ကျောင်းသား စုစုပေါင်း ၂၄၀၀ ကို နှစ်စဉ် လက်ခံ နေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကျောင်းနဲ့ ကျောင်းသား အရေ အတွက် မျှအောင်နဲ့ ပညာသင်ကြားမှု အရေး အသွေး မြှင့်တင် နိုင်အောင် အခုတော့ ဆေးကျောင်းသား အရေ အတွက် ကို ၁၂ဝဝ အထိ လျှော့ချ လိုက်တာ ဖြစ်ပါတယ်။

ကျန်းမာရေး အတွက် အသုံး စရိတ်တွေ နောက်ထပ် လိုအပ် နေတာကြောင့် အခုနှစ်မှာ တိုးမြှင့် ရဖို့ မျှော်လင့် ထားတယ်လို့လည်း ကျန်မာရေး ဝန်ကြီး ဒေါက်တာ ဖေသက်ခင်က ပြောသွား ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။