BBC navigation

နိုင်ငံရေး အကျဉ်းသား စီစစ်ဖို့ အစိုးရ စီစဉ်

နောက်ဆုံး ရေးသားချိန် 7 ဖေဖေါ်ဝါရီလ 2013 - 01:02 GMT

လွတ်မြောက်လာတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရေး အကျဉ်းသားတွေ

နိုင်ငံတော် သမ္မတရုံးက အကျဉ်းထောင်တွေ အတွင်းမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး စီစစ် ဆောင်ရွက်နိုင်ဖို့ ကော်မတီ တရပ် ဖွဲ့စည်း လိုက်ပါတယ်။

အခုလို အစိုးရဘက်က နိုင်ငံရေး အကျဉ်းသား ဆိုတဲ့ စကားကို စတင်သုံးစွဲ လာတာဟာ အရင်က မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ ဆိုနေခဲ့ရာက အခုတော့ နိုင်ငံရေး အကျဉ်းသား ရှိတာကို လက်ခံ လိုက်တဲ့ သဘောဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ဦးတိုးကျော်လှိုင်က ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ အေအေပီပီနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့က ကောက်ခံထားတဲ့ စာရင်း အပေါ် အခြေခံ ညှိသွားမယ်လို့ ဆိုပါတယ်။

သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက ဦးဆောင်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ်တွေ ဂဂ မျိုးဆက် ကျောင်းသား အဖွဲ့နဲ့ နိုင်ငံရေး အကျဉ်းသား ဟောင်းများ အဖွဲ့က ပုဂ္ဂိုလ်တွေ အပါအဝင် အကျဉ်းဦးစီး ဌာနက အရာရှိတွေလည်း ကော်မတီမှာ ပါဝင်နိုင်တယ်လို့ သူက ပြောပါတယ်။

အဓိက နိုင်ငံရေး အကျဉ်းသား အဓိပွါယ် ဖွင့်ဆိုချက်နဲ့ စွဲဆိုထားတဲ့ ဥပဒေ ပုဒ်မတွေကို ပြန်လည် ပြောင်းလဲ စီစစ်သွားမယ်လို့ ယူဆရကြောင်း သူက ဆိုပါတယ်။

ဒီစီစစ်ရေး ကော်မတီက လုပ်ပိုင်ခွင့်နဲ့ ကာလ သတ်မှတ်ချက်ကို မသိရေးသေးဘူးလို့လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။