BBC navigation

မြန်မာပြည်မှာ ဆူဇူကီးကားတွေ ပြန်ထုတ်မယ်

နောက်ဆုံး ရေးသားချိန် 7 ဖေဖေါ်ဝါရီလ 2013 - 00:35 GMT

suzuki စက်ရုံထုတ် ကားတွေ စီတန်းနေ

ဆူဇူကီး မော်တာ ကော်ပိုရေးရှင်းဟာ မြန်မာနိုင်ငံမှာ မော်တော်ကား ပြန်လည် ထုတ်လုပ်ခွင့် ရသွားပါပြီ။

၂ဝ၁ဝ ခုနှစ်တုန်းက လုပ်ငန်း လုပ်ကိုင်မှု ရပ်နားခဲ့တဲ့ ဆူဇူကီး ကုမ္ပဏီဟာ အခုတော့ ဆူဇူကီး မြန်မာ မော်တာ ကော်ပိုရေးရှင်း လီမိတက် အမည်နဲ့ ရာနှုန်းပြည့် ရင်းနှီး မြုပ်နှံပြီး ကုန်တင် ကယ်ရီယာ ကားအမျိုးအစားတွေကို ရန်ကုန်မြို့မှာ ထုတ်လုပ်သွားတော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် စီးပွားရေး ထိန်းချုပ်မှုတွေ လျော့ပေါ့ ပေးလာတာနဲ့ အမျှ အခြေခံ အဆောက်အအုံတွေ တိုးတက်လာတဲ့ အပေါ်မှာ ဆူဇူကီး အနေနဲ့ မြန်မာနိုင်ငံမှာ ကားတွေ ထုတ်လုပ် ဖြန့်ဖြူး ရောင်းချသွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။