BBC navigation

ပထမဆုံး NLD ပါတီ ညီလာခံ

နောက်ဆုံး ရေးသားချိန် 11 ဖေဖေါ်ဝါရီလ 2013 - 15:38 GMT
NLD Spokesperson, U Nyan Win

တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ ကျင်းပနိုင်တဲ့ အခြေ အနေ ရောက်နေပြီလို့ ဦးဉာဏ်ဝင်းပြော

အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပထမဆုံး အကြိမ် နိုင်ငံလုံး ဆိုင်ရာ ညီလာခံကို မတ်လမှာ ကျင်းပ တော့မှာ ဖြစ်ပါတယ်။

လာမယ့် မတ်လ ၈ ရက် ၉ ရက်နဲ့ ၁၀ ရက်နေ့ တို့မှာ ရန်ကုန်မြို့မှာ ကျင်းပမယ်လို့ တနင်္လာနေ့က ကြေညာလိုက် ပါတယ်။

လာမယ့် ညီလာခံမှာ ပါတီ ရှေ့ဆက် သွားမယ့် မူဝါဒတွေ၊ ပါတီ စည်းကမ်းတွေနဲ့ နိုင်ငံရေး အစီရင်ခံစာတွေ အပြင် အကြောင်း အရာ အတော် များများကို ဆွေးနွေး သွားကြမယ်လို့ အန်အယ်လ်ဒီ ညီလာခံ ကျင်းပရေး ဗဟို ကော်မရှင် အတွင်း ရေးမှူး ဦးဉာဏ်ဝင်းက ပြော ပါတယ်။

ဒါ့အပြင် အန်အယ်လ်ဒီ ရဲ့ ခေါင်းဆောင်ပိုင်းမှာ ပါတီဝင်တွေ စိတ်ကြိုက် ရွေးချယ်တဲ့ ပုဂ္ဂိုလ်တွေ ခေါင်းဆောင် ဖြစ်လာကြ လိမ့်မယ်လို့ လည်း သူက ပြောပါ တယ်။

ညီလာခံကို အန်အယ်လ်ဒီ ကိုယ်စားလှယ် တစ်ထောင် လောက်နဲ့ ဧည့်သည် တစ်ရာလောက် တက်ရောက်ကြ လိမ့်မယ်လို့ လည်း သူက ခန့်မှန်း ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေ တုန်းက အောက်ခြေ အဆင့် ညီလာခံ ကျင်းရေး ကော်မရှင် အစည်း အဝေးတွေ ကျင်းပ ခဲ့ကြပြီး ဖြစ်လို့ မြို့နယ်နဲ့ ခရိုင် အဆင့် အားလုံး ပြီးစီးပြီ ဖြစ်ပြီး တိုင်းနဲ့ ပြည်နယ် အဆင့်မှာ တချို့ နေရာတွေ စတင် နေပြီလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒါကြောင့် တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ ကျင်းပ နိုင်တဲ့ အခြေ အနေ ရောက်နေပြီ လို့လည်း သူက ဆိုပါတယ်။

အောက်ခြေ မြို့နယ် အဆင့် အစည်း အဝေးတွေ တုန်းက ကိုယ်စားလှယ် ရွေးချယ်မှု တွေနဲ့ ပတ်သက်လို့ မကျေ မနပ် ဖြစ်တယ်လို့ ကြားရတာ တွေနဲ့ ပတ်သက်ပြီး ဘီဘီစီက မေးရာမှာ ဦးဉာဏ်ဝင်းက ဧရာဝတီ တိုင်းနဲ့ မန္တလေးတိုင်း တို့မှာ အနည်း အပါး ရှိခဲ့ကြောင်း ပြောပါတယ်။

တကယ်တန်း ပြဿနာ ဖြစ်တဲ့ နေရာမှာ နိုင်ငံရေး အယူ အဆ၊ မူဝါဒ ကို မကျေနပ်လို့ မဟုတ်ဘဲ ပုဂ္ဂလိက ရေးကို ရှေ့တန်း တင်လွန်းလို့ ဖြစ်ရ တာလို့ ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။