BBC navigation

သမ္မတနဲ့ တိုင်းရင်းသားဝန်ကြီးတွေ တွေ့ဆုံ

နောက်ဆုံး ရေးသားချိန် 12 ဖေဖေါ်ဝါရီလ 2013 - 23:25 GMT
24_bbc_unionday

သမ္မတကြီး နဲ့ တိုင်းရင်းသား ကိုယ်စားလှယ်များ

ပြည်ထောင်စုနေ့ က သမ္မတဦးသိန်းစိန် က ပြည်နယ်တိုင်းတွေက တိုင်းရင်းသားရေးရာ ဝန်ကြီးတွေနဲ့ တွေ့ဆုံပြီး ပြည်တွင်း ငြိမ်းချမ်းရေး ကို မဖြစ်မနေ ရအောင် ကြိုးပမ်း ဆောင်ရွက်မယ့် အကြောင်း နဲ့ တိုင်းရင်းသား ရေးရာ ဝန်ကြီးတွေ အနေနဲ့လည်း တတ်နိုင် သလောက် ကူဖို့ ဆွေးနွေး မှာကြားပါတယ်။

တိုင်းရင်းသားရေးရာ ဝန်ကြီးတွေ အနေနဲ့ ငြိမ်းချမ်းရေး အပိုင်း ဆွေးနွေးရာမှာ ကချင် စစ်ပွဲကိစ္စကို လည်း ပြောဖြစ်တဲ့ အကြောင်း၊ သမ္မတဦးသိန်းစိန်နဲ့ ဦးအောင်မင်း တို့ က ဝင်ရောက်ပြောရာမှာ တိုင်းပြည် ငြိမ်းချမ်းရေး မရလို့ မဖြစ် ဆိုတဲ့ အချက် ပါဝင်ပုံ ကို ရှမ်းပြည်နယ် က ကချင်(ဂျိန်းဖော) တိုင်းရင်းသားရေးရာ ဝန်ကြီး ဒူးဝါး ဇုတ်ဒေါင် က ဘီဘီစီ ကို ပြောပါတယ်။

ငြိမ်းချမ်းရေး ရယူရာမှာ လည်း နှစ်ဘက် တူညီတဲ့ အချက်တွေ အရင် ဖေါ်ဆောင် ပြီး မတူညီတဲ့ အချက်တွေ ကို နောက်မှ လုပ်မယ် လို့ ပြောကြပြီး တိုင်းရင်းသား ရေးရာ ဝန်ကြီးတွေ လည်း ပါဝင်ကြဖို့ ဆွေးနွေး ဖြစ်ကြပါတယ်။

သမ္မတကြီး နဲ့ ၂ နာရီကြာ တွေ့ခွင့်ရတဲ့ အခါမှာ အားရမှု ရှိပေမယ့် တကယ် ဖြစ်ပျက်နေတာ က တမျိုး၊ ပြည်နယ်တွေ မှာ အဆင်မပြေတာ တွေ ရှိနေပုံ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေ အနေနဲ့ မျက်နှာငယ်ရတဲ့ အပိုင်းတွေ ရှိနေတဲ့ အကြောင်း ရှမ်းပြည်နယ် က ကချင်(ဂျိန်းဖော) တိုင်းရင်းသားရေးရာ ဝန်ကြီး ဒူးဝါး ဇုတ်ဒေါင် က ဘီဘီစီ ကို ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။