BBC navigation

ကသည်းသူပုန်လက်ချက် မြန်မာအစိုးရ ဖော်ထုတ်

နောက်ဆုံး ရေးသားချိန် 14 ဖေဖေါ်ဝါရီလ 2013 - 00:52 GMT
rebels_

နယ်စပ် သူပုန်လှုပ်ရှားမှု

ဖေဖေါ်ဝါရီလ ၉ ရက်နေ့က အိန္ဒိယ မြန်မာနယ်စပ် တမူးခရိုင် မြို့သစ် မြို့နယ်ထဲ က နန်းသလက် ချောင်းကူးတံတား မိုင်းခွဲ ခံရတာဟာ အိန္ဒိယ ခွဲထွက်ရေး မဏိပူ ကသည်း သူပုန် အဖွဲ့ UNFL လို့ ခေါ်တဲ့ ပြည်ထောင်စု အမျိုးသား လွတ်မြောက်ရေး တပ်ဦး ရဲ့ လက်ချက်လို့ မြန်မာ အစိုးရက တရားဝင် ထုတ်ဖေါ် ပြောပါတယ်။

ပြည်ထောင်စု အမျိုးသား လွတ်မြောက်ရေး တပ်ဦး ရဲ့ လက်ချက်လို့ ပြောနိင်တာနဲ့ ပတ်သက်ပြီး သမ္မတ ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ် က အခုလို ဖေါက်ခွဲမှု မပြုမီ သူပုန်တွေ လက်နက် ဝှက်တဲ့ နေရာ ကို ဖေါ်ထုတ် ဖမ်းဆီးမိရာက လက်တုံ့ပြန်တဲ့ အသွင် ဆောင်ကြောင်း ဘီဘီစီ ကို ပြောပါတယ်။

UNFL က သူတို့လက်ချက် မဟုတ်ဖူး၊ အာသံရိုင်ဖယ် လက်ချက် လို့ ပြောပေမယ့် မြန်မာဘက် က လည်း အာသံရိုင်ဖယ် နဲ့ ပူးပေါင်းပြီး UNFL ရဲ့ လှုပ်ရှားမှု ကို ဖေါ်ထုတ် နှိမ်နင်း နေတဲ့ အကြောင်း ဒုတိယ ဝန်ကြီး ဦးရဲထွဋ် က ပြောပါတယ်။

တမူး၊ ကဘော်ချိုင့်ဝှမ်း ထွန်းဇံမြို့နယ် ကျည်ခါးရပ်မှာ အိန္ဒိယ ခွဲထွက်သူပုန်တွေ အခြေချ စခန်းပြုနေတယ် ဆိုတဲ့ သတင်း အပေါ်မှာ တော့ ဦးရဲထွဋ် က နယ်ခြား ကော်မတီ ပုံမှန် အစည်းအဝေး ကို အိန္ဒိယ နဲ့ မြန်မာ နိုင်ငံတို့ ပြုလုပ်တဲ့ အခါမှာ လုံခြုံရေး ကိစ္စ ပါဝင်သလို နှစ်ဘက် စစ်တပ်ချင်းလည်း ပူးပေါင်း ဆောင်ရွက် တာတွေ ရှိကြောင်း၊ သတင်းတွေလည်း ဖလှယ်ယင်း လိုအပ်တာ မှန်သမျှ အရေးယူ ဆောင်ရွက်နေ ကြောင်း ရှင်းပြ ပါတယ်။

မြန်မာ့မြေမှာ သူတပါးနိုင်ငံ ကို ဆန့်ကျင်တဲ့ မည်သည့် လက်နက်ကိုင် အဖွဲ့အစည်း ကို မှ ခိုလှုံခွင့် ပြုမှာ မဟုတ်သလို၊ ပုန်းလျှိုး ကွယ်လျှိုး နေရာယူထား ရင်လည်း ဖေါ်ထုတ် အရေးယူ မယ့် အကြောင်း၊ ဒေသခံတွေ အနေနဲ့ လည်း လုံခြုံရေး အရ အရေးကြီးတဲ့ သတင်း ခိုင်ခိုင်မာမာ ရရင်၊ နယ်မြေခံ လုံခြုံရေး ကို အသိပေးဖို့ လိုကြောင်း ဒုတိယ ဝန်ကြီး ဦးရဲထွဋ် က ဘီဘီစီ ကို ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။