BBC navigation

ဗိုလ်ချုပ် အောင်ဆန်း မွေးနေ့ ကျင်းပ

နောက်ဆုံး ရေးသားချိန် 13 ဖေဖေါ်ဝါရီလ 2013 - 15:15 GMT
General Aung San

အန်အယ်လ်ဒီ ရုံးချုပ်နဲ့ နိုင်ငံ တဝန်းမှာ ဗိုလ်ချုပ် မွေးနေ့ ကျင်းပကြ

မြန်မာ့ လွတ်လပ်ရေး ဗိသုကာကြီး လည်းဖြစ် တပ်မတော်ရဲ့ ဖခင်ကြီးလည်း ဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆန်းရဲ့ ၉၈ နှစ်မြောက် မွေးနေ့ အထိမ်း အမှတ် အဖြစ် အင်းယား ကန်ဘောင်မှာ ကျင်းပခဲ့ ပါတယ်။

ဒီအခမ်း အနားကို သမဂ္ဂ ကျောင်းသားတွေ ခေါင်းဆောင် ကျင်းပ ခဲ့တာ ဖြစ်ပြီး လူ ၄၀၀ လောက် တက်ရောက် ခဲ့ကြ ပါတယ်။

စိတ်ကူး စိတ်သန်း ကောင်းတဲ့ လူငယ်တွေရဲ့ ဆန္ဒကို ပုံဖော် တဲ့ အနေနဲ့ ပဲပြုတ်နဲ့ နံပြား စတုဒီသာ ကျွေးခဲ့ကြောင်း ဗိုလ်ချုပ် မွေးနေ့ ပွဲကို တက်ရောက် ခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ ဦးကိုကိုကြီးက ပြောပါတယ်။

ဓမ္မစေတီ ဆရာတော်က ဒါန ပြုခဲ့တာ ဖြစ်ပြီး အင်းယား ကန်ဘောင်ကို လာသမျှ ပရိသတ် အားလုံးကို ကျွေးခဲ့တယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ် ကို ဂုဏ်ပြုတဲ့ ကဗျာတွေနဲ့ တေးသီချင်း တွေကိုလည်း ရွတ်ဆို ခဲ့ကြ ပါတယ်။

ဗိုလ်ချုပ် မွေးနေ့ အထိမ်း အမှတ် အခမ်း အနားတွေကို အန်အယ်လ်ဒီ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာလည်း ကျင်းပခဲ့ပါတယ်။

နိုင်ငံ တဝန်း မြို့နယ် တချို့မှာ တော့ နိုင်ငံရေး စိတ်အား ထက်သန် သူတွေက အခမ်း အနား တွေကို ဦးဆောင် ကျင်းပခဲ့ ကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။