BBC navigation

သမ္မတနဲ့ လက်နက်ကိုင် အဖွဲ့တွေ ပထမဆုံး တွေ့ဆုံ

နောက်ဆုံး ရေးသားချိန် 13 ဖေဖေါ်ဝါရီလ 2013 - 16:20 GMT
President meets Ethnics leaders for the first time

တိုင်းရင်းသား ခေါင်းဆောင်တွေ နဲ့ ပထမဆုံး တွေ့ဆုံ နိုင်တာ အောင်မြင်မှုလို့ အစိုးရက ယူဆနိုင်

ဖေဖော်ဝါရီလ ၁၂ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်း အနား တက်ရောက် ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၉ ဖွဲ့နဲ့ သမ္မတ ဦးသိန်းစိန် တို့ ပထမဆုံး အကြိမ် တွေ့ဆုံ ခဲ့ကြ ပါတယ်။

ဆွေးနွေးပွဲကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့က ဝန်ကြီး တွေနဲ့ အဖွဲ့ဝင်တွေ တက်ရောက် ခဲ့ကြ ပါတယ်။

မြန်မာ နိုင်ငံ လွတ်လပ်ရေး ရပြီးခဲ့ချိန် ကတည်းက အစိုးရကို လက်နက် စွဲကိုင် တိုက်ခိုက် လာတဲ့ တိုင်းရင်းသား အဖွဲ့တွေနဲ့ အခုလို အတူ ဆုံတွေ့ ဆွေးနွေး နိုင်ခဲ့တာက ထူးခြားတယ်လို့ ဆိုနိုင် ပါတယ်။

အခု တွေ့ဆုံမှုဟာ ယုံကြည်မှု တည်ဆောက်တာ ဖြစ်ပြီး နိုင်ငံရေး ဆွေးနွေးတဲ့ အဆင့် မဟုတ်သေးပေမဲ့ ဟန်ပြ သက်သက် တော့မဟုတ်ဘူးလို့ မွန်ပြည်သစ် ပါတီ ဗဟို ကော်မီတီဝင် နိုင်တလညီက ပြောပါတယ်။

တွေ့ဆုံပွဲမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နေတာတွေကို သမ္မတက ပြောပြပြီး တိုင်းရင်းသားတွေ ဘက်ကလည်း နိုင်ငံရေး အရ ပြောသင့် ပြောထိုက်တာတွေကို ပြောခွင့် ရခဲ့တယ်လို့ တွေ့ဆုံ ရာမှာ ကိုယ်တိုင်ပါခဲ့သူ နိုင်တလညီက ပြောပါတယ်။

နိုင်ငံရေး အရ ဆွေးနွေး ကြတဲ့ အခါ လွှတ်တော် တွင်းကနေ ဆွေးနွေး ကြဖို့ ဆိုတဲ့ အစိုးရရဲ့ မူနဲ့ ပတ်သက်လို့ အသေးစိတ် ညှိနှိုင်းရင် ကောင်းမယ် ဆိုတာ သူ့ အနေနဲ့ အကြံပြုခဲ့တယ်လို့ ချင်းအမျိုးသား တပ်ဦးက လက်ထောက် အတွင်းရေးမှူးချုပ် ဒေါက်တာ ရွှေခါးက ပြော ပါတယ်။

သမ္မတနဲ့ တိုင်းရင်းသား အဖွဲ့တွေ တွေ့ဆုံ ဆွေးနွေး ကြရာမှာ ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့တော့ မပါဝင်ခဲ့ ပါဘူး။

ဒါပေမဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က အစိုးရနဲ့ ကေအိုင်အိုကြား ဆွေးနွေးမှုကိုတော့ အစိုးရ ဘက်က အားရတဲ့ အကြောင်းလည်း ပြောခဲ့တယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တွေက ဘီဘီစီကို ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။