BBC navigation

အင်းတွေကြောင့် လယ်သမားတွေ ဒုက္ခရောက်

နောက်ဆုံး ရေးသားချိန် 15 ဖေဖေါ်ဝါရီလ 2013 - 16:57 GMT
Burma Farmers

ညောင်လေးပင်းဘက်မှာ အင်းပေါင်း ၆၀ ကျော် ရှိတယ်လို့ လယ်သမားတွေ ပြော

ညောင်လေးပင်မြို့နယ်မှာရှိတဲ့ ကျေးရွာပေါင်း ၁၆ ရွာမှာ စပါးစိုက်လို့ရတဲ့ လယ်မြေ ဧက နှစ်သောင်း ကျော်ဟာ အင်း တွေကြောင့် လယ်မစိုက် နိုင်ဖြစ် နေတယ်လို့ လယ်သမား တွေက ပြောပါတယ်။

အဲဒီလယ်မြေ တွေမှာ မိုးတွင်းမှာ ရေတွေလျံ ၊ နွေဘက်မှာ ရေတွေမရ ဖြစ်နေတဲ့ အတွက် ဒီနှစ်မှာ အချိန်မီ စိုက်လို့ မရတော့ဘူး ဆိုပြီး လယ်သမား တွေက ပြောပါတယ်။

ညောင်လေးပင်မြို့နယ်မှာ အစိုးရကခွင့်ပြုထားတဲ့ အင်းက ခြောက်အင်းလောက်ပဲရှိပေမယ့် လယ်သမားတွေဘက်က ပြောတာကတော့ အင်းပေါင်း ၆၀ ကျော် လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။

ဒီပြဿနာဟာ ၂၀၀၆ ခုနှစ် လောက်က စလာတာဖြစ်ပြီး ဒီကိစ္စနဲ့ ပက်သက်လို့ လယ်သမားတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက တိုင်းဒေသကြီး အစိုးရအပါအ၀င် လွှတ်တော် ကိုယ်စားလှယ်တွေအထိ အဆင့်ဆင့် တိုင်ကြားခဲ့ပေမယ့် အခုချိန်ထိ အကြောင်းမထူး ဖြစ်နေတယ်လို့ လယ်သမားတွေက ပြောပါ တယ်။

လယ်လုပ်ဖို့ ခက်တာ ကြောင့် တချို့ လယ်သမားတွေဟာ အိမ်နီးချင်း ထိုင်းနိုင်ငံကို တရားမဝင် သွာရောက် လုပ်ကိုင် နေကြတယ်လို့ ညောင်လေးပင်မြို့နယ် တော်ပသီ ကျေးရွာက လယ်သမားကြီး ဦးအေးလွင်က ပြောပါတယ်။

ညောင်လေးပင်မှာရှိတဲ့ လယ်သမား အရေး ဆောင်ရွက်နေတဲ့ သူတွေကတော့ ဒီအခြေအနေကို မီဒီယာတွေက တဆင့် သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး အသိပေး ဖို့ရှိတယ်လို့ ပြောပါတယ်။

ရေရှည်မှာဆိုရင် ဒီဒေသမှာ လယ်လုပ်သူ ရှားပါးလာမယ့်အပြင် တန်ဖိုးရှိတဲ့ စစ်တောင်းမြစ်ဝှမ်းက လယ်တွေဟာ မစိုက်ပျိုး နိုင်ဘဲ အချည်းနှီး ဖြစ်ဖို့ ရှိတယ်လို့ လယ်သမားတွေက ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။