BBC navigation

မြန်မာအလံတင် ကုန်တင်သင်္ဘော ဖိလစ်ပိုင်မှာ နစ်မြုပ်

နောက်ဆုံး ရေးသားချိန် 17 ဖေဖေါ်ဝါရီလ 2013 - 16:44 GMT

ပန်ဂါစီနန်း ကမ်းလွန် ကီလိုမီတာ ၂၀၀ လောက် အကွာ ပင်လယ်ပြင်ထဲ နှစ်မြုပ် သွားတာလို့ သိရ

တရုတ် နိုင်ငံကို သွားတဲ့ မြန်မာ အလံတင် ကုန်တင် သင်္ဘောတစီးဟာ ဖိလစ်ပိုင် နိုင်ငံ အနောက်မြောက်ဘက် ကမ်းလွန် ပင်လယ် ပြင်မှာ နစ်မြုပ်သွား တယ်လို့ ဖိလစ်ပိုင် ကမ်းခြေစောင့် တပ်ဖွဲ့က ပြောကြားပါတယ်။

သင်္ဘောသား ၂၄ ဦး စလုံးဟာ မြန်မာ နိုင်ငံက ဖြစ်ကြပြီး၊ အဲဒီထဲက တဦး ကတော့ သေဆုံး သွားကာ၊ ၁၄ ဦး ပျောက်ဆုံး နေတယ်လို့ ပြောပါတယ်။

သင်္ဘော သား ၉ ဦး ကိုတော့ ဖိလစ်ပိုင် ကမ်းခြေစောင့် တပ်က ကယ်တင် နိုင်ခဲ့ပြီး၊ ၂ ဦး ကတော့ ထိခိုက် ဒဏ်ရာ ရထား တယ်လို့ ဆိုပါတယ်။

M/V Harita Bauxite လို့ အမည် ရတဲ့ ဒီကုန်တင် သင်္ဘာဟာ အင်ဒိုနီးရှား နိုင်ငံက ထွက်ခွာ လာတာ ဖြစ်ပြီး၊ စက်ချို့ယွင်း ရာကနေ ပန်ဂါစီနန်း ကမ်းလွန် ကီလိုမီတာ ၂၀၀ လောက် အကွာ ပင်လယ်ပြင်ထဲ နှစ်မြုပ် သွားတာလို့ သိရပါတယ်။

Bauxite ကုန်တင် သင်္ဘော နှစ်မြုပ် နေတာကို အနားက ဖြတ်သွားတဲ့ တရုတ် သင်္ဘော တစီးက သိရှိခဲ့တာ ဖြစ်ပြီး၊ သူတို့ကနေ တဆင့် ဖိလစ်ပိုင် အာဏာပိုင် တွေကို အကြောင်း ကြားခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။