BBC navigation

သီရိလင်္ကာ ကယ်လိုက်တဲ့လှေမှာ သေဆုံးသူ ၉၈ ဦးရှိခဲ့

နောက်ဆုံး ရေးသားချိန် 17 ဖေဖေါ်ဝါရီလ 2013 - 18:25 GMT

လှေပေါ်ပါသူ အားလုံး မွတ်ဆလင်တွေ ဖြစ်တယ်လို့ ဘာသာပြန် ပေးနေတဲ့ သီရိလင်္ကာ ဘုန်တော်ကြီးက ပြောပါတယ်

သီရိလင်္ကာ နိုင်ငံ အရှေ့ဘက် ကမ်းလွန် ပင်လယ် ပြင်မှာ သီရိလင်္ကာ ရေတပ် ကနေ စနေနေ့က ကယ်တင် လိုက်တဲ့ စက်လှေမှာ သေဆုံးသူ ၉၈ ဦး ရှိ ခဲ့တယ်လို့ သိရ ပါတယ်။

အဲဒီ စက်လှေမှာ ဘင်္ဂလား-မြန်မာ နယ်စပ်က လူပေါင်း ၁၃၀ လိုက်ပါ လာတာ ဖြစ်ပြီး၊ ၉၈ ဦးဟာ သေဆုံး သွား ခဲ့တဲ့ အတွက် ပယ်လယ် ထဲမှာ ပစ်ချ ထားခဲ့ တာလို့ လှေပေါ်မှာ အသက်ရှင် ကျန်ရှိ သူတွေက ပြောပါတယ်။

တနင်္ဂနွေနေ့မှာ သီရိလင်္ကာ နိုင်ငံ ဆိပ်ကမ်း ဂေါလ်မြို့ကို ရောက်ရှိ လာတဲ့ ဒီလှေပေါ်မှာ အသက်ရှင် ကျန်သူ ၃၂ ဦးရှိပြီး အဲဒီအထဲက ကျန်းမာရေး စိုးရိမ်ရ သူတွေကို သီရိလင်္ကာ အာဏာပိုင်တွေက ဆေးကုသပေးထားပါတယ်။

လှေပေါ်ပါသူ အားလုံး ယောက်ျားတွေ ဖြစ်ကြတဲ့ ဒီလူတွေဟာ မွတ်ဆလင်တွေ ဖြစ်ကြတယ် လို့လည်း သူတို့ အတွက် ဘာသာပြန် ပေးနေတဲ့ သီရိလင်္ကာ ဗုဒ္ဓဘာသာ ဘုန်တော်ကြီး တပါးက ဘီဘီစီကို ပြောပါတယ်။

သူတို့ဟာ အလုပ် အကိုင် ရှာဖွေဖို့ အတွက် မလေးရှားနဲ့ သြစတြေးလျ ဘက်ကို သွားဖို့ ကြိုးစားခဲ့ ကြတာ ဖြစ်ပြီး၊ လမ်းမှာ စက်ပျက်ကာ သီရိလင်္ကာ ပင်လယ်ပြင် ဘက် ရောက်ရှိ သွားကြတာ ဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။