BBC navigation

ဖိလစ်ပိုင်မှာမြုပ်သွားတဲ့ သင်္ဘောက မြန်မာများစာရင်း

နောက်ဆုံး ရေးသားချိန် 18 ဖေဖေါ်ဝါရီလ 2013 - 11:43 GMT

အသက်ရှင်သူ တဦးကို ဖိလစ်ပိုင် ရေတပ် ကနေ ရဟတ်ယာဉ် နဲ့ ခေါ်ယူလာ

ဖိလစ်ပိုင် ပင်လယ် ပြင်မှာ တနင်္ဂနွေ နေ့က စက် ချို့ယွင်းပြီး နစ်မြုပ် သွားတဲ့ ကုန်တင် သင်္ဘောက စားဖိုမှူး ဦးမြင့်အောင် သေဆုံး သွားပြီး၊ ကယ်ဆယ် လို့ ရခဲ့တဲ့ ၉ ဦး ထဲက ဦးသန့်ဇင်မိုးနဲ့ ဦးချိုအေး တို့ကတော့ ဒဏ်ရာ ရထား တယ်လို့ သိရ ပါတယ်။

ကျန်တဲ့ ၇ ဦး ကတော့ အရာရှိ ဦးကြည်ဝင်း၊ ဦးခင်မောင်ဝင်း၊ ဦးအောင်ကျော်ခိုင်၊ ဦးအောင်သူငြိမ်း၊ ဦးဝင်းဇော်၊ ဦးဝင်းမင်းသိန်းနဲ့ ဦးအောင်ဇင်ဝင်း တို့ ဖြစ်ကြ တယ်လို့ ဖိလစ်ပိုင် နိုင်ငံက မြန်မာ သံရုံး ဒုတိယ အတွင်းဝန် ဦးထွန်းနောင်က ဘီဘီစီကို ပြောပါတယ်။

ကယ်ဆယ် နိုင်ခဲ့ပြီး ၉ ယောက်ကို မြန်မာ နိုင်ငံ ပြန်ပို့ နိုင်ရေး အတွက် ဖိလစ်ပိုင် နိုင်ငံမှာ ရှိတဲ့ မြန်မာ သံရုံးက ကူညီ ဆောင်ရွက်ပေး နေပါတယ်။

ဒီသင်္ဘော ပေါ်က သင်္ဘော ဝန်ထမ်း အားလုံးဟာ မြန်မာတွေ ဖြစ်ကြပြီး၊ စုစုပေါင်း ၂၄ ဦး ဖြစ်ပါတယ်။ ပျောက်ဆုံး နေဆဲ ကျန် ၁၄ ဦး ကိုတော့ ဆက်လက် ရှာဖွေ နေပေမဲ့ ခုချိန်ထိ ရှာလို့ မတွေ့သေးပါ။

ဦးထွန်းနောင်ဟာ စင်ကာပူ သင်္ဘော ကုမ္ပဏီက တာဝန် ရှိသူ နှစ်ဦးနဲ့ အဲဒီ သင်္ဘော နစ်မြုပ်ရာ ပန်ဂါစီနန်း ကမ်းလွန်ကို သွားရောက် နေပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။