BBC navigation

ကမ္ဘာ့ဖလား ဘောလုံးပွဲ စကိုင်းနက်က လွှင့်မယ်

နောက်ဆုံး ရေးသားချိန် 19 ဖေဖေါ်ဝါရီလ 2013 - 15:51 GMT

၂၀၁၄ ကမ္ဘာ့ ဖလားပွဲ အတွက်ဆီမီး ဖိုင်နယ် နဲ့ ဖိုင်နယ် ပွဲစဉ် အပါအဝင် ၂၂ ပွဲ ကို စကိုင်းနက် အခမဲ့ လိုင်းက ပြမယ်

မြန်မာ နိုင်ငံမှာ ကမ္ဘာ့ဖလား ဘောလုံး ပွဲစဉ် တွေကို ၂၀၁၄ ခုနှစ်မှာ ပထမဆုံး အကြိမ် အဖြစ် ထုတ်လွှင့် ပြသဖို့ အတွက် ဖီဖာ ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် ကနေ စကိုင်းနက် ပုဂ္ဂလိက ရုပ်သံ ကုမ္ပဏီကို သီးသန့် အခွင့်ရေး ( standalone territory ) ပေးပြီး သဘော တူ လိုက်ပါတယ်။

ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် ဖီဖာနဲ့ စကိုင်းနက် သဘောတူ ညီချက် ရသွား တဲ့အတွက် ၂၀၁၄ ကမ္ဘာ့ ဖလား ဘောလုံး ပြိုင်ပွဲမှာ ဆီမီး ဖိုင်နယ် နဲ့ ဖိုင်နယ် ပွဲစဉ် အပါ အဝင် ၂၂ ပွဲ ကို ဘောလုံး ပရိတ်သတ်တွေ စကိုင်းနက်ရဲ့ အခမဲ့ လိုင်းကနေ တိုက်ရိုက် ကြည့် ခွင့် ရကြ တော့မှာ ဖြစ်ပါတယ်။

ပြည်တွင်းမှာ အစိုးရ ရုပ်သံလိုင်းတွေ အပြင်၊ အစိုးရနဲ့ ဖက်စပ် လုပ်နေတဲ့ လိုင်းတွေလည်း ရှိနေ ပေမယ့် စကိုင်းနက်က ကမ္ဘာ တစ်ဝန်း လုံးမှာ ရှိတဲ့ ဘောလုံးပွဲ တွေ မြန်မာ နိုင်ငံမှာ ထုတ်လွှင့် ပေးနေတဲ့ အတွက် အကောင်းဆုံး ပလက်ဖောင်းလို့ ယုံကြည်တာ ကြောင့် အခလို စကိုင်းနက်နဲ့ သဘော တူလိုက်တာ လို့ ဖီဖာ ရုပ်သံ ဌာန ဒါရိုက်တာ နီကိုလက် အယ်ရစ်ဆင် က ပြောပါတယ်။

အခုလို စကိုင်းနက်ကို မရွေးခင် မြန်မာပြည်မှာ ရှိတဲ့ ဘောလုံး ဝါသနာရှင်တွေ နဲ့လည်း ဆွေးနွေး တိုင်ပင် မှုတွေ ပြုလုပ် ခဲ့တယ်လို့ သူက ပြောပါတယ်။

၂၀၁၄ ကမ္ဘာ့ ဖလားမှာ ပွဲစဉ် ပေါင်း ၆၀ ကျော် ကစားမှာ ဖြစ်ပြီး အခမဲ့ ၂၂ ပွဲက လွဲလို့ ကျန်တဲ့ ပွဲစဉ်တွေ ကိုတော့ စကိုင်းနက် အခပေး လိုင်းတွေ ကသာ ပြသမှာ ဖြစ်တယ် လို့ စကိုင်းနက်က ပြောပါတယ်။

အကိုင်းနက်ရဲ့ အဓိက ပြိုင်ဖက် ဖြစ်တဲ့ အစိုးရနဲ့ ဖက်စပ်လိုင်း ဖော်အဲဗား ကတော့ အခု နှစ်မှာ ပရီးမီးယားလိဂ် ပွဲတွေ ထုတ်လွှင့်ခွင့် ရထားတာ ဖြစ်ပြီး၊ ၂၀၁၄ ကမ္ဘာ့ ဖလား ပွဲကို ထုတ်လွှင့် နိုင်ဖို့ ကြိုးစား နေကြောင်း သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။