BBC navigation

ထိုင်းမြန်မာ နယ်စပ်ဒုက္ခသည် ပြန်ပို့ရေး

နောက်ဆုံး ရေးသားချိန် 19 ဖေဖေါ်ဝါရီလ 2013 - 23:32 GMT
_refugees_burmese

ထိုင်း မြန်မာ နယ်စပ် ဒုက္ခသည်များ

ထိုင်းမြန်မာ နယ်စပ် ဒုက္ခသည် စခန်းတွေက မြန်မာနိုင်ငံသား ဒုက္ခသည် တွေ ကို နေရပ်ရင်း ပြန်ပို့မယ့် အရေး ကို ထိုင်းနိုင်ငံမှ တာဝန် ရှိသူ တွေ နဲ့ နိုင်ငံတကာ အင်ဂျီအိုတွေ မနေ့ က စတင် ဆွေးနွေး ကြပါတယ်။

နယ်စပ် တကြော ရှိ ဒုက္ခသည် စခန်းပေါင်း ၉ ခု က မြန်မာနိုင်ငံသား တသိန်းကျော် ကို ပြန်လည် နေရာချထားရေး ဆွေးနွေးညှိနှိုင်း ရာမှာ ထိုင်းဘက် က အမြန်ပြန်စေလိုတဲ့ သဘောရှိလို့ မြန်မာဘက် က လည်း လက်ခံဖို့ နဲ့ ပတ်သက်ပြီး ကော်မတီ ဖွဲ့လိုက်တဲ့ အကြောင်း တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး က သတင်းစာ ရှင်းလင်းပွဲ မှာ ဘီဘီစီ ကို ပြောပါတယ်။

ပြန်လည်နေရာ ချထားရာမှာလည်း သူတို့ လုပ်ကိုင် စားသောက် မယ့် နေရာ ကို ဖန်တီးပေးမှာ ဖြစ်သလို ကျေးလက်ဒေသ က ဆိုရင် တမိသားစု ကို မြေ ၁ဝ ဧက ချပေးရေး တွေ ပါဝင်ပါတယ်။ တတိယ နိုင်ငံတွေ မှာ သွားရောက် အခြေချလို သူတွေ ကိုလည်း ဆက်လက် ဆောင်ရွက်ပေး ပေမယ့် ထိုင်းနိုင်ငံ မှာပဲ နေလိုသူတွေ အတွက် ကိုတော့ လက်ခံဖို့ အစီအစဉ် မရှိကြောင်း တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး က ရှင်းပြပါတယ်။

တချို့ မြန်မာဒုက္ခသည် တွေ ကတော့ နိုင်ငံရေး အရ ထွက်ပြေး လာကြသူတွေ ဖြစ်တဲ့ အတွက် ထိုင်းနိုင်ငံ မှာပဲ နေလိုတာကို တောင်းဆိုချင်တဲ့ အကြောင်း ဘီဘီစီ ကို ပြောပါတယ်။ ဒါပေမယ့် အခုလို ဒုက္ခသည်တွေ ကို မြန်မာနိုင်ငံ မှာ ပြန်လည် နေရာ ချထားရေး အတွက် အနည်းဆုံး ၂ နှစ် က ၃ နှစ် ကြာမြင့် နိုင်ကြောင်း တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။