BBC navigation

လက်ပံတောင်း အနုပညာ ပြပွဲများ

နောက်ဆုံး ရေးသားချိန် 20 ဖေဖေါ်ဝါရီလ 2013 - 21:30 GMT
labadaung

လက်ပံတောင်းတောင် ထိန်းသိမ်းရေး အနုပညာ ပြပွဲတွေ ကျင်းပ

ကာတွန်း ဓာတ်ပုံနဲ့ ပန်းချီ အနုပညာရှင် ၁ဝ ယောက် ပါဝင်တဲ့ "သယံဇာတ ကျိန်စာ" အနုပညာ ပြပွဲကို ရန်ကုန်မြို့ တော်ဝင် နှင်းဆီ ခန်းမမှာ နှစ်ရက်ကြာ ကျင်းပ နေပါတယ်။

လက်ပံတောင်းတောင် စီမံကိန်းကြောင့် တောင် တွေ ပျောက်ဆုံး သွားရတာကို မီးမောင်း ထိုးပြတဲ့ အဲဒီ ပြပွဲကို လူ ၅ဝဝ လောက် လာကြည့် ကြတယ်လို့ ပြပွဲ ဖြစ်မြောက်ရေး ဦးဆောင်စီစဉ်သူ Green Harts-စိမ်းလန်း နှလုံးသားများ ကွန်ယက် က ပန်းချီဆရာ ဦးစိုးဝင်းငြိမ်းက ပြောပါတယ်။

ဒီတောင်တွေ ပျောက်ဆုံးသွားလို့ ဒေသခံတွေ နစ်နာပုံကို နိုင်ငံရေး သမားတွေ၊ စီမံကိန်း ရေးဆွဲမယ့်သူတွေ သိစေလိုလို့ ဒီပြပွဲလုပ်တာလို့လဲ ဆိုပါတယ်။

ဒီရက်ပိုင်းမှာပဲ မုံရွာနဲ့ ရန်ကုန် ပန်းချီဆရာများရဲ့ လက်ပံတောင်းတောင်အား အနပညာဖြင့် ဖွဲ့ဆိုမှု ပန်းချီ ဓာတ်ပုံ ပြပွဲကိုလဲ ရန်ကုန် တက္ကသိုလ် အနီးက ယုဒသန် ရိပ်သာမှာ ဖေဖော်ဝါရီလ ၁၉ ရက်က ၂၁ ရက်ထိ ကျင်းပနေပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။