BBC navigation

ဘီဘီစီ ညပိုင်းအစီအစဉ် ထပ်မံထုတ်လွှင့်မည်

နောက်ဆုံး ရေးသားချိန် 21 ဖေဖေါ်ဝါရီလ 2013 - 14:11 GMT
BBC

ဖေဖေါ်ဝါရီ ၂၅ ရက်နေ့က စလို့ ဘီဘီစီ ရဲ့ ညပိုင်းထုတ်လွှင့်မှု အစီအစဉ်ရဲ့ ပထမ နာရီဝက်စာ အစီအစဉ်တွေကို အသံလွှင့်ချိန် ပြီးပြီးချင်း မြန်မာ စံတော်ချိန် ည ၉ နာရီက စလို့ ၉ နာရီခွဲ အထိ ပြန်လည်ထုတ်လွှင့် ပေးသွားမှာ ဖြစ်ပါတယ်။

ည ၈ နာရီ ၁၅ အစီအစဉ်ကို ဖမ်းယူ နားဆင်တဲ့ အသံလှိုင်းတွေမှာပဲ ထပ်မံ ထုတ်လွှင့်ချက်တွေကို ဖမ်းယူနားဆင်နိုင်ပါတယ်။

7400 kHz

9900 kHz

11685 kHz

အပတ်စဉ် အစီအစဉ်ထုတ်လွှင့်ရက်တချို့ ပြောင်း

ဒီလို ထပ်မံ အသံလွှင့်ချက်တွေ ပြုလုပ်တာနဲ့ တချိန်ထဲ အပတ်စဉ် ထုတ်လွှင့်နေတဲ့ ညပိုင်း အစီအစဉ် တချို့ကိုလည်း ရက် ပြောင်းလဲ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

တနင်္လာ -- မိုဘီဂျီနို/CoolTech၊ အားကစား သတင်းပဒေသာ

အင်္ဂါ -- အမေ့ခံ ပုံရိပ်များ၊ လင်းလက်ကြယ်စင်

ဗုဒ္ဓဟူး -- စီးပွားရေး သုံးသပ်ချက်၊ ပြည်သူ့ကြားက ပြည်သူ့စကား/ကျေးတမာနဲ့ ပေဖူးလွှာ

ကြာသပတေး -- နိုင်ငံတကာ သတင်းသုံးသပ်ချက်၊ ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်

သောကြာ -- အလင်္ကာပုလဲပန်း၊ မြန်မာ့အရေး ကမ္ဘာ့အရေး

စနေ -- လွတ်လပ်အတွေး ဆွေးနွေးဖလှယ်

တနင်္ဂနွေ -- ဝင်းဖေလွယ်အိတ်၊ လင်းလက်ကြယ်စင်

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။