BBC navigation

အစိုးရဝန်ကြီးတွေနဲ့ အလုပ်သမားတွေ့

နောက်ဆုံး ရေးသားချိန် 23 ဖေဖေါ်ဝါရီလ 2013 - 23:32 GMT
bbc_ministeraungmin_

ဝန်ကြီးဦးအောင်မင်းအဖွဲ့ နဲ့ အလုပ်သမားများတွေ့

အစိုးရသစ် သက်တမ်း ၂ နှစ်အတွင်းမှာ ပထမဆုံး အကြိမ် အဖြစ် အစိုးရ ဝန်ကြီးတွေနဲ့ အလုပ်သမား အခွင့်အရေး လှုပ်ရှားသူတွေဟာ မနေ့တုန်း က ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေး ကြပါတယ်။

အစိုးရဘက်က သမ္မတရုံး ဝန်ကြီးဦးစိုးသိန်း၊ ဦးအောင်မင်း နဲ့ လဝက ဝန်ကြီး ဦးခင်ရီ တို့ ပါဝင် ဆွေးနွေးသလို အလုပ်သမား တွေ ဘက်က ၄၈ ဦး တက်ရောက်ကြပါတယ်။

ဒီအခါမှာ အလုပ်သမားတွေ ရဲ့ အခြေအနေ၊ အလုပ်သမား သမဂ္ဂ ဖွဲ့ရာမှာ အလုပ်ရှင်တွေ ဘက်က လိုက်နာမှု အားနည်းတာတွေ၊ အလုပ်သမား ဥပဒေ ကို အလုပ်ရှင်တွေ လိုက်နာ ဖို့ လိုအပ် တဲ့ အကြောင်း တွေ ကို အလုပ်သမား အခွင့်အရေး ကာကွယ် စောင့်ရှောက် လှုပ်ရှားသူ များ အဖွဲ့က တာဝန်ခံ ဒေါ်အိရွှေစင်ညွန့် က ဘီဘီစီ ကို ပြောပြပါတယ်။

ဝန်ကြီးတွေ ဘက်ကလည်း မေးမြန်းဆွေးနွေးချက် တွေ ကို တခုချင်း ဖြေကြားသလို သမ္မတ ကိုလည်း အသိပေးမယ့် အကြောင်း ပြောပါတယ်။ နောက်ပိုင်း မှာလည်း အလုပ်ရှင်၊ အလုပ်သမား နဲ့ အစိုးရ သုံးပွင့်ဆိုင် ညှိနှိုင်း ပြီး သွားနိုင်တဲ့ လမ်းကြောင် ကို သွားမယ့် အကြောင်း ဆွေးနွေးဖြစ်တာကို ဒေါ်အိရွှေစင်ညွန့် က ရှင်းပြပါတယ်။

အစိုးရ ဝန်ထမ်းတွေ သမဂ္ဂ ဖွဲ့ရာမှာ ဖိနှိပ်မှု ပိုများ လာတာတွေ၊ ခုံသမာဓိ ကောင်စီရဲ့ အားနည်းချက်တွေ လည်းတင်ပြ ဖြစ်ခဲ့ကြောင်း လည်း ဒေါ်အိရွှေစင်ညွန့် က ဘီဘီစီ ကို ပြောပြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။