BBC navigation

လယ်သိမ်းခံ လက်ပံတောင်း ဒေသခံတွေ ဆန္ဒပြ

နောက်ဆုံး ရေးသားချိန် 24 ဖေဖေါ်ဝါရီလ 2013 - 16:28 GMT

ဒေသခံ အများစုကတော့ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း လုံးဝ ရပ်ဆိုင်းရေးကို လိုလား

လက်ပံတောင်း သပိတ်စခန်း အကြမ်းဖက် ဖြိုခွဲ ခံရတာ ၃လ နီးပါး ရှိခဲ့ပြီ ဖြစ်ပေမယ့် ဘာမှ ထူးခြားမှု မရှိသေးတဲ့ အတွက် လယ်သိမ်းခံ ဒေသခံ ရွာသားတွေ ချီတက် ဆန္ဒပြ ခဲ့ကြ ပါတယ်။

သပိတ်စခန်း ဖြိုခွဲဖို့ အမိန့်ပေး စေခိုင်းသူ ဘယ်သူ ဆိုတာ အခု အချိန် အထိ မဖေါ်ထုတ်ပဲ၊ စီမံကိန်း ကိုလည်း ဆက်လုပ် နေတာကြောင့် ရွာ ၁၉ ရွာက ဒေသခံ ၁ ထောင် ကျော်ဟာ တုံရွာ ဆန္ဒပြ သပိတ် စခန်း ကနေ ညောင်ပင်ကြီး ဆိပ်ကမ်းထိ ချီတက် ဆန္ဒပြခဲ့ ကြတာ ဖြစ်ပါတယ်။

ဒေသခံ အများစုကတော့ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း လုံးဝ ရပ်ဆိုင်းရေး ကိုသာ လိုလား နေကြပြီး၊ အခုလို ဆန္ဒပြ ရတာ ဟာလည်း အာဏာပိုင်တွေ အနေနဲ့ ပြည်သူ့ ဆန္ဒကို သိရှိ နိုင်ဖို့ ဖြစ်တယ်လို့ စီမံကိန်း ရပ်ဆိုင်းရေး လုပ်ဆောင် နေသူ တဦး ဖြစ်တဲ့ ကိုဟန်ဝင်းအောင်က ဘီဘီစီကို ပြောပါတယ်။

အခုလို သပိတ်စခန်း ဆက်ဖွင့်ပြီး ဆန္ဒ ဖေါ်ထုတ် နေသူတွေ ရှိသလို၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကော်မရှင်ရဲ့ အစီရင် ခံစာ ထွက် လာတဲ့ အထိ စောင့်နေသူတွေလည်း ရှိနေပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။