BBC navigation

မွန်ပြည်နယ် စစ်တောင်းမြစ် ကမ်းပါးပြို

နောက်ဆုံး ရေးသားချိန် 25 ဖေဖေါ်ဝါရီလ 2013 - 00:35 GMT

ဆိပ်ကမ်းသာ ရပ်ကွက်နဲ့ ရွာမ ရပ်ကွက်က အိမ်ခြေ ၂၀ဝ နီးပါးခန့် ရေထဲ ပါကုန်

မွန်ပြည်နယ် ကျိုက်ထို မြို့နယ် သိမ်ဇရပ်မြို့ ကနေ အောက်ပိုင်း တမိုင်ခန့် အရှည်ထိ စစ်တောင်းမြစ် ကမ်းပါး ပြိုကျရာကနေ လူနေ အိမ်တွေ၊ လယ်ကွင်း တွေ ရေထဲ ပါနေ တာကြောင့် ဒေသခံ တွေက စိုးရိမ်နေ ကြပါတယ်။

ခုလို ကမ်းပါးပြို နေတဲ့ အတွက် ခုနစ်လ ရှစ်လ အတွင်းမှာ သိမ်ဇရပ် ကမ်းနားပိုင်းက ဆိပ်ကမ်းသာ ရပ်ကွက်နဲ့ ရွာမ ရပ်က အိမ်ခြေ ၂ဝဝ နီးပါး ရေထဲ ပါကုန်တယ်လို့ ဆိုပါတယ်။

နိုင်ငံတော် အစိုးရ ပိုင်းက ကျပ်ငွေ သိန်းပေါင်း ၂၁၃ သိန်း ချပေးပြီး သစ်သားတိုင် တွေနဲ့ ဂဝံ ကျောက်တွေနဲ့ ထိန်းသိမ်းဖို့ ကြိုးစား နေတယ် လို့ ပြောပါတယ်။

ဒါပေမဲ့ ခိုင်ခိုင် ခန့်ခန့် မလုပ် နိုင်ရင် တားဆီး နိုင်မယ့် အနေ အထား မရှိဘူးလို့ ဒေသခံ တွေက ပြောပါတယ်။

အိုးအိမ်မဲ့ ဖြစ်သွားတဲ့ မိသားစု တွေကို လည်း အာဏာပိုင် တွေက ပြန်လည် နေရာချပေး ပေမယ့် အနည်းစု ကိုသာ နေရာ ချပေး နိုင်တဲ့ အတွက် မိသားစု အများ အပြား အခက်အခဲ ဖြစ်နေ တယ်လို့ ဆိုပါတယ်။

သိမ်ဇရပ်မှာ အိမ်ခြေ ၄,ဝဝဝ ခန့် ရှိပြီး ခုလို ကမ်းပါး ပြိုနေတဲ့ အတွက် ဒေသခံတွေ အကြားမှာ စိုးရိမ်မှု တွေ တိုးပွား နေကြ တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။