BBC navigation

မြန်မာကုမ္ပဏီတွေ အတွက် သက်တမ်း တိုးမြှင့်

နောက်ဆုံး ရေးသားချိန် 25 ဖေဖေါ်ဝါရီလ 2013 - 17:36 GMT

ပုဂ္ဂလိက စီးပွားရေး ချောမွေ့ရေး၊ စရိတ် သက်သာ ရေးနဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေး ဖွံ့ဖြိုးဖို့ လုပ်ဆောင်

မြန်မာ နိုင်ငံက ကုမ္ပဏီ တွေရဲ့ မှတ်ပုံတင် သက်တမ်း ကို ၃ နှစ် သတ်မှတ် ထားရာ ကနေ၊ ဖေဖော်ဝါရီလ ၂၂ ရက် နေ့က စလို့ ၅ နှစ် အထိ တိုးမြှင့် ပေးလိုက်ပြီ ဖြစ်ပါတယ်။

အခုလို သတ်မှတ် ပေးလိုက် တာဟာ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းတွေ ပိုမို လွယ်ကူ ချောမွေ့စွာ ဆောင်ရွက် နိုင်ဖို့ နဲ့ ကုန်ကျ စရိတ် သက်သာ စေဖို့ ဖြစ်ပြီး၊ အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်း များလည်း ဖွံ့ဖြိုး တိုးတက် စေရေး အတွက် ရည်ရွယ် ဆောင်ရွက်တာ ဖြစ်တယ် လို့ အစိုးရ ဘက်က ပြောပါတယ်။

ဒါပေမယ့်လည်း တကယ်တမ်း လက်တွေ့မှာ ကုမ္ပဏီတွေ အပေါ် အစိုးရ အနေနဲ့ ကြီးကြပ်ရတဲ့ အပိုင်းမှာ အများကြီး အားနည်း သွားနိုင်တယ် လို့ အခွန် ပညာရှင် ဦးဟန်ထွန်း က ပြောပါတယ်။

အစိုးရ ထုတ်ပြန် ချက်တွေ အရ မြန်မာ နိုင်ငံဟာ အာဆီယံ နိုင်ငံ တွေထဲမှာ အခွန် ရရှိ မှု အနည်း ဆုံးဖြစ်ပြီး အခွန် ရှောင်တဲ့ ကုမ္ပဏီတွေ အများ အပြားရှိ နေပါတယ်။

ကုမ္ပဏီတွေ ဘက်ကတော့ အစိုးရ အခုလို လုပ်ပေးတာ ကောင်းပေမဲ့၊ သက်တမ်း တိုးရတဲ့ ကိစ္စတွေ ဟာ အရင်လို၊ လနဲ့ ချီပြီး ကြာနေဆဲ ဖြစ် တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။