BBC navigation

ဖွဲ့စည်းပုံ ခုံရုံး ဥက္ကဌနဲ့ အဖွဲ့ဝင်တွေကို အတည်ပြု

နောက်ဆုံး ရေးသားချိန် 25 ဖေဖေါ်ဝါရီလ 2013 - 16:13 GMT

ဦးမြသိန်းဟာ လွတ်တော် နှစ်ရပ် ဥက္ကဌတွေက အဆိုပြုထား သူ ဖြစ်ပါတယ်

ပြည်ထောင်စု မြန်မာ နိုင်ငံ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံး ဥက္ကဌနဲ့ အဖွဲ့ဝင် နေရာ တွေ အတွက် ပြည်ထောင်စု လွှတ်တော် ကနေ အတည်ပြု ပေး လိုက်ပြီ ဖြစ်ပါတယ်။

ခုံရုံးအဖွဲ့ ဝင်တွေ အဖြစ် သမ္မတနဲ့ လွှတ်တော် နှစ်ရပ် ကနေ သုံးဦးစီ အဆိုပြုတဲ့ ၉ ဦးထဲ ကနေ၊ ပြည်ထောင် စု တရား လွှတ်တော်ချုပ် အငြိမ်းစား ညွှန်ကြား ရေးမှူးချုပ် ဦးမြသိန်း ကို ခုံရုံး ဥက္ကဌ အဖြစ် ပြည်ထောင်စု လွှတ်တော်က အတည်ပြု လိုက်တာ ဖြစ်ပါတယ်။

ဦးမြသိန်းကို လွတ်တော် နှစ်ရပ် ဥက္ကဌတွေက အဆိုပြုတာ ဖြစ်ပြီး၊ သမ္မတ ဦးသိန်းစိန် ကတော့ ရှေ့နေချုပ်ရုံးက အငြိမ်းစား ဒုတိယ ညွှန်ကြားရေးမှူး ချုပ် ဦးမြင့်ဝင်းကို အဆိုပြု ခဲ့တာ ဖြစ်ပါတယ်။

သမ္မတနဲ့ လွှတ်တော် နှစ်ရပ်ကြား ပြီးခဲ့တဲ့နှစ် သြဂုတ်လက အငြင်းပွား မှုတွေ ဖြစ်ခဲ့ပြီးနောက်၊ ဖွဲ့စည်းပုံ ဆိုင်ရာ ခုံရုံး ဥက္ကဌနဲ့ အဖွဲ့ဝင်တွေ နုတ်ထွက် သွားတဲ့ အထိ ဖြစ်ခဲ့ဖူး ပါတယ်။ အဲဒီလို နုတ်ထွက် သွားကြပြီး လစ်လပ် နေတဲ့ နေရာတွေ အတွက် အခုမှာ ပြန်လည် ခန့်အပ် နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီက ကျောက်ဖြူ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန် ကတော့ ဦးမြသိန်းဟာ တရားရုံး အဆင့် ဆင့်မှာ အရင်က တရားသူကြီး လုပ်လာ ခဲ့သူ ဖြစ်တဲ့ အတွက် အသင့် တော်ဆုံး ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါ တယ်။

အခု ခုံရုံး အဖွဲ့ဝင် တွေဟာ အရင်ခေတ် ကလို လူကြီးတွေ ခိုင်းတာ ခေါင်းညိမ့် လုပ်မယ် သူတွေလို့ မထင်ကြောင်း သူက ဆက်ပြော ပါတယ်။

သူတို့ အတွေဟာ အမှား အမှန်ကို အလေး အနက်ထား စဉ်းစား ဆောင်ရွက် ကြမယ် ဆိုရင် အမှား အယွင်း ဖြစ်စရာ အကြောင်းမရှိဘူး လို့လည်း သူက ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။