BBC navigation

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒက်စမွန် တူးတူး တွေ့ဆုံ

နောက်ဆုံး ရေးသားချိန် 26 ဖေဖေါ်ဝါရီလ 2013 - 15:41 GMT
dassk_tu_tu

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး

တောင်အာဖရိက ခရစ်ယာန် ဘုန်းတော်ကြီး ဒက်စမွန် တူးတူးဟာ ဒေါ်အောင်ဆန်းစုကြည် ကို သူ့ရဲ့ နေအိမ်မှာ အင်္ဂါနေ့ ညနေ သုံးနာရီမှာ တနာရီလောက် ကြာအောင် လာရောက် တွေ့ဆုံ ခဲ့ပါတယ်။

ကမ္ဘာလှည့်ပြီး ပညာရေး အတွက်ဆောင်ရွက်နေတဲ့ Semester at Sea သင်္ဘောနဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာ တုန်းမှာ အခုလို တွေ့ဆုံ ခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည် ဟာ ဘုန်းတော်ကြီး ဒက်စမွန် တူးတူးကို တွေ့ဆုံဖို့ အတွက် အင်္ဂါနေ့ နေ့လည်ပိုင်းမှာ နေပြည်တော် ကနေ ရန်ကုန်ကို လေယာဉ်နဲ့ ပြန်လာ ခဲ့တာပါ။

အဲဒီလို တွေ့ဆုံအပြီး အပြန်မှာ ဒက်စမွန် တူးတူးက အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ထပ်ပြီး တွေ့ရလို့ သိပ်၀မ်းသာတဲ့ အကြောင်း ပြောခဲ့ပါတယ်။

သူ့အနေနဲ့ ဒီကို ရောက်လာတဲ့ အတွက် သိပ်စိတ်လှုပ်ရှား ဝမ်းသာမိကြောင်းနဲ့ ဒီထက်ပိုပြီး လွတ်လပ်တဲ့ မြန်မာနိုင်ငံကို မြင်ရဖို့ နောက်တခေါက် ထပ်ပြီးလာချင် သေးတယ်လို့ ဘုန်းတော်ကြီး ဒက်စမွန်တူးတူးက ပြောသွားခဲ့ ပါတယ်။

သူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ခင် အင်္ဂါနေ့ မနက်ပိုင်း မှာလည်း မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားဟောင်း ၂၀ လောက်နဲ့ တွေ့ဆုံ ခဲ့ပါသေးတယ်။

ဘုန်းတော်ကြီး ဒက်စမွန်တူးတူးဟာ ဗုဒ္ဓဟူးနေ့ မှာလည်း အမေရိကန် စင်တာမှာ လူထု ပရိတ်သတ်ကို တွေ့ဆုံပြီး ဟောပြောဖို့ ရှိနေပါတယ်။

သူဟာ တောင်အာဖရိက နိုင်ငံမှာ လူဖြူလူမဲ အသားအရောင် ခွဲခြားမှုကို တိုက်ဖျက်ရာမှာ ရှေ့တန်းက ပါ၀င်ခဲ့သူ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် တဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုလည်း အခိုင် အမာ အားပေး ထောက်ခံသူ တဦး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။