BBC navigation

မလက်တို လယ်သမား ဆန္ဒပြပွဲ ပစ်ခတ်ခံရ

နောက်ဆုံး ရေးသားချိန် 27 ဖေဖေါ်ဝါရီလ 2013 - 01:30 GMT
burma farmer

လယ်မြေဧက တထောင်ကျော် သိမ်းခံခဲ့ရ

ဖေဖော်ဝါရီ ၂၆ ရက်က ဧရာ၀တီတိုင်း မအူပင် မြို့နယ် မလက်တို အုပ်စု ပလောင်ကျေးရွာမှာ လယ်မြေဧက တထောင်ကျော် သိမ်းခံရလို့ လယ်ပြန်ရဖို့ ဆန္ဒပြ နေတဲ့ လယ်သမား တွေနဲ့ ရဲ ရုန်းရင်းဆန်ခတ် ဖြစ်ပြီး သေနတ်နဲ့ ပစ်လို့ လယ်သမား ၄ ယောက် ဒဏ်ရာရ သွားတယ်လို့ သိရပါတယ်။

လယ်သမား ၅ဝဝ နီးပါး အသိမ်းခံရတဲ့ လယ်မြေ ပြန်ရဖို့ ပြီးခဲ့တဲ့ ၂၃ ရက်နေ့ ထဲက လယ်ထဲမှာ ထိုင်ပြီး ဆန္ဒပြ နေကြတာ ဖြစ်ပါတယ်။

နေ့လယ်ပိုင်းမှာ မြို့နယ် အုပ်ချုပ်ရေးမှူး အမိန့်နဲ့ ပုဒ်မ ၁၄၄ ထုတ်ပြီး လူစုခွဲဖို့ ရဲတပ်ဖွဲ့က သတိပေး ခဲ့ပါတယ်။

ည ၇ နာရီလောက်မှာ ရဲက လယ်သမားတွေ ကာထားတဲ့ အကာ တွေကို ဖယ်ရှားရာက ပြဿနာ ဖြစ်ပွားခဲ့ပြီး သေနတ်နဲ့ပစ်လို့ ဒဏ်ရာရသူ တွေကို ဆေးရုံပို့ခဲ့ရတယ်လို့ ပလောင်ရွာခံ တဦးက ပြောပါတယ်။

လယ်မြေကွင်း အမှတ် (၉၆၉) က ဧက တထောင်ကျော်ကို အောချက် ကုမ္ပဏီက သိမ်းသွားတာလို့ ဆိုပါတယ်။

စီမံကိန်း ဆောက်ဖို့ သိမ်းခဲ့ပြီး ဘာမှ မဆောင်ရွက်သေးဘဲ သိမ်းတုန်းကလဲ လျော်ကြေး မရခဲ့ဘူးလို့ လယ်သူမ တဦးက ဘီဘီစီကို ပြောပါတယ်။

အရင် ၁ဝ နှစ်ကျော်က သိမ်းခံရပြီး အထက်တာ၀န်ရှိသူ တွေဆီ တိုင်ပေမယ့် ဆောင်ရွက် မပေးခဲ့ဘူးလို့ ပြောပါတယ်။

အခု သေနတ်ပစ်မှုကြောင့် လယ်သမားတွေ ဒဏ်ရာရ သလို ရဲ၀န်ထမ်းတွေလဲ ဒဏ်ရာရခဲ့တယ်လို့ သိရပြီး မအူပင်ဆေးရုံမှာ ဆေးကုသ နေတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။