BBC navigation

နော်ဝေရောက် မြန်မာသမ္မတ ကို ဆန္ဒပြ

နောက်ဆုံး ရေးသားချိန် 27 ဖေဖေါ်ဝါရီလ 2013 - 01:35 GMT
_bbc_konyo_

Continental Hotel မှာ သမ္မတ တည်းခို

မြန်မာသမ္မတ ဦးသိန်းစိန် နဲ့ အစိုးရ ဝန်ကြီးအဖွဲ့ တည်းခိုတဲ့ နော်ဝေ နိုင်ငံ၊ အော်စလို မြို့တော်က Continental Hotel ရှေ့မှာ နော်ဝေ နိုင်ငံရောက် ဒီမိုကရေစီ အင်အားစု တွေ နဲ့ တိုင်းရင်းသား စုစုပေါင်း ၅ဝ ခန့် က ဆန္ဒပြ ကြပါတယ်။

ဆန္ဒပြရခြင်း အကြောင်းကတော့ မြန်မာနိုင်ငံတွင်းမှာ ဒီမိုကရေစီ ပြောင်းလဲနေပါတယ် လို့ နိုင်ငံတကာ ကို လှည့်ပြီး ပြောနေပေမယ့် ပြည်တွင်းမှာ စစ်ပွဲတွေ ဖြစ်နေသလို အောက်ခြေမှာလည်း ပြောင်းလဲမှု မရှိကြောင်း၊ စစ်အုပ်ချုပ်ရေး တပိုင်း ဖြစ်နေကြောင်း ဆန္ဒပြ အုပ်စုထဲ ပါဝင်သူ က ဘီဘီစီ ကို ပြောပါတယ်။ အခုလို ပြင်ပ မှာ ဆန္ဒပြမှသာ နော်ဝေ နိုင်ငံသားတွေ အနေနဲ့ မြန်မာ့ အရေး ကို သဘော ပေါက်နိုင်မယ့် အကြောင်း လည်း ဘီဘီစီ ကို ရှင်းပြပါတယ်။

အစိုးရ အဖွဲ့ထဲက သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက နော်ဝေက တာဝန်ရှိသူ နှစ်ယောက်နဲ့ အတူ ဆန္ဒပြ အဖွဲ့ကို ထွက်တွေ့ပြီး သုံးယောက်ကို ခေါ်စကားပြော ပါတယ်။

ကနေ့ မြန်မာသမ္မတက မြန်မာ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံပွဲ အမေးအဖြေ အစီအစဉ် ရှိလို့ တွေ့လိုသူတွေ က ကြိုတင် မှတ်ပုံ တင်ထား ကြပါတယ်။ အများစု မေးလိုတဲ့ မေးခွန်း ကတော့ ၂ဝဝ၈ အခြေခံ ဥပဒေမှာ တခြား ဒီမိုကရေစီ နိုင်ငံ တွေ မှာ ပြဋ္ဌာန်းလေ့ မရှိတဲ့ စစ်တပ် က နိုင်ငံတော်အာဏာ ကို သိမ်းခွင့်ရှိတဲ့ အချက်ကို တင်ပြ ကြမယ့် အကြောင်း ဘီဘီစီ ကို ရှင်းပြ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။