BBC navigation

ပုံနှိပ် ထုတ်ဝေခြင်း ဥပဒေကြမ်းကို စာနယ်ဇင်း သမားတွေ စိတ်မဝင်စား

နောက်ဆုံး ရေးသားချိန် 27 ဖေဖေါ်ဝါရီလ 2013 - 16:31 GMT
New Light of Myanmar

အင်္ဂလိပ် ဘာသာနဲ့ ထုတ်ဝေတဲ့ New Light of Myanmar ပုံနှိပ်စက်

ဗုဒ္ဓဟူးနေ့ ထုတ် သတင်းစာ တွေမှာ အများ ပြည်သူတွေ လေ့လာ အကြံပြုဖို့ ဆိုပြီး ဖေါ်ပြ ခဲ့တဲ့ ပုံနှိပ်ခြင်းနဲ့ထုတ်ဝေခြင်း ဥပဒေ မူကြမ်းကို စာနယ်ဇင်း သမား အများက စိတ်ဝင်စားမှု မရှိဘူးလို့ သိရပါတယ်။

အခု မူကြမ်းကို လွှတ်တော်က အတည် ပြုမယ် ဆိုရင် အဖမ်း အဆီး အတား အဆီးတွေ အများကြီး လုပ်ခဲ့တဲ့ ၁၉၆၂ ခုနှစ် ပုံနှိပ် ဥပဒေကို ပယ်ဖျက်ပြီးသား ဖြစ်သွားမယ်လို့ မြန်မာ နိုင်ငံ စာနယ်ဇင်း ကောင်စီ အတွင်းရေးမှူး ကျော်မင်းဆွေက ပြောပါတယ်။

ပြန်ကြားရေး ဝန်ကြီး ဌာနက အခု ချပြတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေကြမ်း ထုတ်ပြန်တဲ့ မူကြမ်းဟာ ပုံနှိပ် မီဒီယာကို ပြန်လည် ထိန်းချုပ် ချင်တဲ့ သဘော တွေ့ရတယ်လို့ သူက ဆိုပါတယ်။

အခု မူကြမ်းဟာ ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ ဆန္ဒသာ ဖြစ်ပြီး စာနယ်ဇင်း ကောင်စီနဲ့ စာနယ်ဇင်း သမားတွေရဲ့ ဆန္ဒ သဘောထား မပါဘူးလို့ ဦးကျော်မင်းဆွေက ပြောပါတယ်။

လာမယ့် စာနယ်ဇင်း ကောင်စီ အစည်း အဝေးမှာ ဒီကိစ္စကို ဆွေးနွေး မယ်လို့ ဆို ပါတယ်။

အစိုးရက အသိအမှတ်ပြု ဖွဲ့စည်းထားတဲ့ စာနယ်ဇင်း ကောင်စီက အားလုံးနဲ့ အကျုံးဝင်တဲ့ မီဒီယာ ဥပဒေကို ရေးဆွဲ နေချိန်မှာ ဒီမူကြမ်းကို ထုတ်ပြန်တဲ့ အတွက် ကန့်ကွက် သွားမယ်လို့ လည်း ဦးကျော်မင်းဆွေက ပြော ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။