BBC navigation

လက်ပံတောင်း ၃ လပြည့် အစာငတ်ခံ ဆန္ဒပြ

နောက်ဆုံး ရေးသားချိန် 28 ဖေဖေါ်ဝါရီလ 2013 - 23:08 GMT

စုံစမ်း စစ်ဆေးရေး ကော်မရှင် အနေနဲ့ အစီရင် ခံစာ အပြီးသတ် တင်ပြ ရမယ့် ရက် ကျော်လွန်

လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းဖို့ ဆန္ဒပြ သံဃာတော်နဲ့ ရွာသူ ရွာသား တွေကို အကြမ်းဖက် ဖြိုခွင်းတာ (၃) လပြည့် အထိမ်း အမှတ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အစာငတ်ခံ ဆန္ဒပြ ခဲ့ကြပါတယ်။

လက်ပံတောင်း တောင် သပိတ် စခန်းမှာ ဆန္ဒပြ အင်အား ၃ဝဝ နီးပါး ရှိပြီး ကြေးနီ စီမံကိန်း လုံးဝ ရပ်ဆိုင်း ဖို့ တောင်းဆို ခဲ့တယ်လို့ သပိတ် စခန်းမှာ ရှိတဲ့ ကိုဟန်ဝင်းအောင်က ဘီဘီစီကို ပြောပါတယ်။

ညဘက် ရောက်တဲ့ အခါ ရွာသူ ရွာသား တွေက သူတို့ ပိုင်တဲ့ လယ်မြေ ပေါ်မှာ မီးဒုတ်တွေ ထွန်းပြီး ဆန္ဒ ပြ ကြပါတယ်။

ကြေးနီတောင် စီမံကိန်းနဲ့ ပတ်သက်ပြီး အကြမ်းဖက် ဖြိုခွင်းမှု အပေါ် စုံစမ်း စစ်ဆေးရေး ကော်မရှင် အနေနဲ့ ဖေဖော်ဝါရီလ ၂၈ ရက် နေ့က အစီရင် ခံစာ အပြီးသတ် တင်ပြ ရမယ့်နေ့ ဖြစ်ပေမယ့် မတင်ပြ နိုင်သေးဘဲ ဖြစ်နေပါတယ်။

မတ်လ ၁ ရက်နေ့ မှာ ဆွေနွေး ပွဲတွေ ဆက်လုပ် သွားဖို့ ရှိပြီး လုံခြုံရေး အရ စိုးရိမ် စရာ ဖြစ်တယ်လို့ ကိုဟန်ဝင်းအောင်က ပြောပါတယ်။

ဦးပိုင် အဆောက် အဦး ဝန်းကျင်မှာ လုံထိန်း ကား(၆)စီးနဲ့ မုံရွာမြို့ အားကစား ကွင်းမှာလည်း စစ်ကား အစီး (၂၀) ရောက် နေတယ်လို့ ပြောပါတယ်။

ရွာသူ ရွာသား တွေရဲ့ ဆန္ဒ ကတော့ ကြေးနီ စီမံကိန်း မရပ်မချင်း ဆက်ပြီး ဆန္ဒဖော်ထုတ် နေမယ်လို့ သိရ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။