BBC navigation

မူးယစ်ရာဇာ စိုင်းနော်ခမ်းကို သေဒဏ်စီရင်မယ်

နောက်ဆုံး ရေးသားချိန် 28 ဖေဖေါ်ဝါရီလ 2013 - 15:57 GMT

အယူခံ ကိုတော့ ဘေဂျင်းရှိ ‘ပြည်သူ့ တရားရုံးချုပ်’ ကနေ အခုလ ဖေဖေါ်ဝါရီ (၂၂)ရက်နေ့က ပယ်ချခဲ့

မြန်မာ နိုင်ငံသား မူးယစ်ရာဇာ စိုင်းနော်ခမ်းနဲ့ အပေါင်းအပါ ( ၃) ဦး ကို မတ်လ ၁ ရက်နေ့ သေဒဏ် စီရင်မှာ ဖြစ်တယ်လို့ တရုတ် ရုပ်သံ ဖြစ်တဲ့ CCTV ကနေ ကြေညာ သွား ပါတယ်။

တရားခံ တွေရဲ့ မိသားစု ဆွေမျိုး သားချင်းတွေဟာ ကူမင်း ရဲဌာန အချုပ်မှာ နောက် အဆုံး အနေနဲ့ လာရောက် တွေ့နိုင်ခွင့် ရဖို့ စီစဉ် ပေးထား တယ်လို့လည်း ရုပ်သံက ကြေညာသွား ပါတယ်။

အထူး တရားရုံးက တာဝန် ရှိသူများရဲ့ အဆိုအရ၊ တရားခံတွေကို ဆေးထိုးပြီး သေဒဏ် စီရင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၁ ခုနှစ် တုန်းက မဲခေါင်မြစ် အတွင်း တရုတ် ကုန်တင် သင်္ဘော (၂)စီး ပေါ်က တရုတ် သင်္ဘောသား (၁၃) ဦး ကို အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ် ခဲ့မှုနဲ့ စွဲချက်တင် စစ်ဆေးပြီး အခုလို သေဒဏ် ချမှတ် ခဲ့တာ ဖြစ်ပါတယ်။

သူတို့ရဲ့ အယူခံ ကိုတော့ ဘေဂျင်းရှိ ‘ပြည်သူ့ တရားရုံးချုပ်’ ကနေ အခုလ ဖေဖေါ်ဝါရီ (၂၂)ရက်နေ့က ပယ်ချလိုက်တာ ဖြစ်ပါတယ်။

မြန်မာအစိုးရဘက်ကတော့ နော်ခမ်းကို ပြန်လည်တောင်းဆိုဖို့ ကြိုးစားတာမျိုး မရှိခဲ့ပါ။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။