BBC navigation

ပြည်မြို့ ဆန္ဒပြ ခေါင်းဆောင်တွေကို အမှုဖွင့်

နောက်ဆုံး ရေးသားချိန် 1 မတ်လ 2013 - 17:35 GMT

ရန်ကုန်မြို့မှာလည်း ပြီးခဲ့တဲ့နှစ် မေလတုန်းက လျှပ်စစ်မီး ပုံမှန်ရရေး တောင်းဆို ဆန္ဒပြခဲ့ကြ

လျှပ်စစ်မီး ပုံမှန် ရရှိရေး အတွက် ပြည်မြို့ ဒေသခံ တွေ ကြာသပတေးနေ့ ညက ဆန္ဒပြခဲ့ ကြရာ သောကြာနေ့ မှာတော့ ဆန္ဒပြ ခေါင်းဆောင်တွေ ဖမ်ဆီး ခံခဲ့ရ ပါတယ်။

ဖယောင်းတိုင်တွေ ထွန်းပြီး ငြိမ်းချမ်းစွာ ပြုလုပ် ခဲ့တဲ့ ဆန္ဒထုတ် ဖော်ပွဲ၊ ဦးဆောင် ခဲ့သူ ၅ ဦးကို မြို့နယ် ရဲက ပုဒ်မ ၁၈ နဲ့ အမှု ဖွင့်လိုက် ပြီးနောက် အာမခံ ပေးကာ ပြန်လွတ်လိုက် ပါတယ်။

ဦးဆောင်သူ ၅ ဦး ကတော့ နိုင်ငံရေး အကျဉ်းသား ဟောင်းများ အဖွဲ့ဝင် ကိုကျော်သန်း၊ ကိုကျော်ဆွေ၊ ကိုဝင်းနိုင်၊ ကိုစိုးနိုင်နဲ့ ကိုမင်းထွန်းတို့ ဖြစ်ကြ ပါတယ်။

ပြည်မြို့မှာ ဖေဖေါ်ဝါရီ လဆန်းပိုင်း ကတည်းက မီးတွေပျက် နေပေမယ့်လည်း တာဝန်ရှိ သူတွေက ဘာမှ ဖြေရှင်း မပေးတဲ့ အတွက် အခုလို ဆန္ဒပြရတာ ဖြစ်ကြောင်း ကိုကျော်သန်းက ဘီဘီစီကို ပြောပါတယ်။

ဆန္ဒပြပွဲ နဲ့ ပတ်သက်တဲ့ နည်းဥပဒေ ပုဒ်မ ၁၈ ကို အယုံ အကြည် မရှိတဲ့ အတွက် ဆန္ဒပြခွင့် မတင် တာလို့လည်း သူက ဆက်ပြော ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။