BBC navigation

ဦးသိန်းစိန်က တိုင်းရင်းသား ကိုယ်ပိုင်ပြဌာန်းခွင့် ပြောတဲ့ အပေါ် UNFC ကြိုဆို

နောက်ဆုံး ရေးသားချိန် 2 မတ်လ 2013 - 01:23 GMT

ညီညွှတ်သောတိုင်းရင်းသားများဖယ်ဒရယ်ကောင်စီ

မြန်မာ သမ္မတဦသိန်းစိန်ဟာ လစဉ် မိန့်ခွန်းသဘောမျိုးနဲ့ ၁ ရက်နေ့တွေမှာ တိုင်းပြည်ကို ရေဒီယိုကနေ မိန့်ခွန်း ပြောလာပါတယ်။

တလအတွင်း လုပ်ဆောင်ခဲ့တာတွေကို တင်ပြခဲ့တာ ဖြစ်ပါတယ်။

မတ်လ ၁ ရက်နေ့က ပြောတဲ့အထဲမှာ တိုင်းရင်းသားတွေနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ဆက်လက် လုပ်ဆောင်ရဦးမယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အေ ၊ ကေအိုင်အိုနဲ့ ပြီးခဲ့တဲ့လက ဆွေးနွေးပွဲ အပြီး ထုတ်ပြန်ချက်အရ စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများ တန်းတူရည်တူရှိမှုနဲ့ ကိုယ်ပိုင် အခွင့်အရေး ရပိုင်ခွင့် စတာတွေကို စားပွဲဝိုင်းပေါ်မှာ တွေ့ဆုံအဖြေရှာမယ် ဆိုတာကို သမ္မတ ဦးသိန်းစိန်က သူ့အနေနဲ့ ဝမ်းမြောက်မိပါတယ်လို့ ပြောကြားသွားပါတယ်။

တိုင်းရင်းသားတွေ တောင်ဆိုနေတဲ့ တန်းတူညီတူ အခွင့်အရေး ကိုယ်ပိုင်ပြဌာန်းခွင့် ဆိုတဲ့အချက်ကို သမ္မတက ပထမဆုံး အကြိမ်ပြောလာတာလည်း ဖြစ်ပါတယ်။ ဒီအပေါ်မှာ ယူအဲန်အက်ဖ်စီ ညီညွှတ်သောတိုင်းရင်းသားများဖယ်ဒရယ်ကောင်စီ အတွင်းရေးမှူး နိုင်ဟံသာ ကြိုဆိုလိုက်ပြီး ဒါကို တိုးတက်မှုတရပ်လို့ မြင်ကြောင်း ပြောကြားခဲ့ပါတယ်။

၆၅ နှစ်ကြာ ပြည်တွင်းစစ်ကို လက်နက်ကိုင် ဖြေရှင်းလို့ မရနိုင်ဘူးဆိုတာ အစိုးရက သဘောပေါက်လာပုံရတဲ့အပြင် လူထု တိုင်းရင်းသားတွေနဲ့ နိုင်ငံတကာရဲ့ ဖိအားကြောင့် အခုလို ဖွင့်ပြောလာရတာလို့ သူက ယူဆပါတယ်။

စစ်တပ်နဲ့ အစိုးရကြား အမြင်မတူတာကြောင့် အပြောင်းအလဲလုပ်ဆောင်ရာမှာ အခက်အခဲရှိနေတယ်ဆိုတာကို အစိတ်အပိုင်းတခုအထိ ယုံကြည်လက်ခံပေမယ့် တဘက်က ကြည့်ပြန်ရင်လည်း အစိုးရဝန်ကြီးအဖွဲ့ တပ်မတော် နဲ့ လွှတ်တော် စတာတွေဟာ အစိုးရအဝန်းအဝိုင်းဘဲဖြစ်လို့ သဘောထားမတူကြဘူးဆိုတာ တကယ်လား၊ နည်းပရိယယ်တခုလားဆိုတာ အမြဲ ထည့်တွက်နေရတယ် အပြည့်အဝ ယုံကြည်လို့ မရသေးဘူးလို့ ညီညွှတ်သောတိုင်းရင်းသားများဖယ်ဒရယ်ကောင်စီ အတွင်းရေးမှူး နိုင်ဟံသာက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။