BBC navigation

ဘာသာရေး တင်းမာမှုကြောင့် လှိုင်သာယာမှာ ဒေသန္တရ အမိန့်ထုတ်ပြန်

နောက်ဆုံး ရေးသားချိန် 3 မတ်လ 2013 - 15:56 GMT
လုံခြုံရေး တပ်ဖွဲ့များနေရာယူ

လုံခြုံရေး တပ်ဖွဲ့များနေရာယူ

လှိုင်သာယာ အမှတ်၁နဲ့ ၃ရပ်ကွက်တို့မှာ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင် ဘာသာ ဝင်တို့ကြား ပြဿနာ ဖြစ်ရာကနေ တင်းမာပြီး မွတ်ဆလင် အိမ်တွေကို ခဲပေါက်မှုတွေ ဖြစ်လို့ မတ်လ ၂ရက်နေ့က မြို့နယ် အုပ်ချုပ်ရေးမှူးကနေ အများပြည်သူ ဥပဒေနဲ့အညီ နေကြဖို့ အမိန့်ထုတ်ပြန်တာဖြစ်ပါတယ်။

အခုအခါ လုံခြုရေး ချထားပြီး ဥပဒေနဲ့ မညီတဲ့ လူစုလူဝေးနဲ့ နှောက်ယှက်ဖျက်ဆီးမှုတွေ မရှိအောင် အသံချဲ့စက်နဲ့ အသိပေးတာတွေ ထိန်းသိမ်းတာတွေ လုပ်နေကြောင်း မြို့နယ် ထွေအုပ်ဌာနမှ အုပ်ချုပ်ရေးမှူး ဦးထိန်စိုးက ဘီဘီစီကိုပြောပါတယ်။

ပြဿနာ စဖြစ်ရတဲ့အကြောင်းတခုက ဗုဒ္ဓဘာသာ တရားခွေကို လူမြင်ကွင်းမှာ မွတ်ဆလင် အမျိုးသမီးတဦးက ချနင်းရာကနေ ကန့်ကွက်မှုတွေ ဖြစ်လာပြီး အဲဒီမိသားစုလည်း ရပ်ကွက်ကနေထွက်ပြေး တိမ်းရှောင် သွားရတယ်လို့ ရပ်ကွက်နေသူတဦးက ဘီဘီစီကို ပြောပါတယ်။ အဲဒီလို ပြုမူဆောင်ရွက်သူကို သာသနာ ညစ်နွမ်းအောင်လုပ်မှုနဲ့ တရားစွဲထားတယ်လို့လည်း သိရပါတယ်။

မွတ်ဆလင် ဘာသာရေး အဖွဲ့အစည်းတွေကလည်း သူတို့ ဘာသာဝင်တွေကို ဥပဒေအရ အကာအအကွယ် ပေးဖို့ ရန်ကုန်တိုင်း အစိုးရကို တောင်းဆိုထားတယ်လို့ ဘီဘီစီကိုပြောပါတယ်။

ဘာသာရေး အရတင်းမာမှုတွေဟာမြို့နယ်အချို့မှာ ဖြစ်ပွားရာကနေ အခုအခါ အေးငြိမ်းသွားပေမယ့် တဖက်နဲ့တဖက် လှုံ့ဆော်မှုတွေတော့ ဆက်ရှိနေတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။