BBC navigation

NLD ညီလာခံအတွက် ကိုယ်စားလှယ် စာရင်းထုတ်ပြန်

နောက်ဆုံး ရေးသားချိန် 4 မတ်လ 2013 - 16:56 GMT

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ညီလာခံကို လာမယ့် ၉ ရက်နေ့ နဲ့ ၁၀ ရက်၊ နှစ်ရက် ကျင်းပ မှာ ဖြစ်ပါတယ်

အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ညီလာခံ ကျင်းပရေး ဗဟို ကော်မရှင်က ပြည်နယ်နဲ့ တိုင်း အသီးသီးရဲ့ ဗဟို ညီလာခံ ကိုယ်စားလှယ် တွေ စာရင်းကို ထုတ်ပြန် လိုက်ပါတယ်။

လာမယ့် ၉ ရက်နေ့မှာ စတင်မယ့် နှစ်ရက်ကြာ ညီလာခံ မတိုင်ခင် တနင်္လာနေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ညီလာခံ ကျင်းပရေး ဗဟို ကော်မရှင်ရဲ့ ကြေညာ ချက်မှာ ဖော်ပြ ထားတာပါ။

ဒီကိုယ်စားလှယ်တွေဟာ ကျေးရွာ/ရပ်ကွက် ကနေ ရွေးချယ် ထားတဲ့ ကိုယ်စားလှယ်တွေ ထဲက၊ မြို့နယ် အဆင့်မှာ ထပ်ပြီး ဗဟို ကိုယ်စားလှယ်တွေ အဖြစ် အဆင့် ဆင့် ရွေးချယ် ခံပြီး တက်လာတာ ဖြစ်ကြောင်း ညီလာခံ ကျင်းပရေး ဗဟို ကော်မရှင် အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပါတယ်။

ခရိုင်နဲ့ တိုင်း ဥက္ကဌတွေ ကတော့ တာဝန် အရ အလို အလျောက် ကိုယ်စားလှယ် အဖြစ် ပါဝင် ကြောင်းကိုလည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။