BBC navigation

NLD-LA အမည်နဲ့ ရေရှည် မသွားသင့်ကြောင်း ဒေါ်စုပြော

နောက်ဆုံး ရေးသားချိန် 5 မတ်လ 2013 - 17:16 GMT

NLD-LA ရှေ့ အနာဂတ်နဲ့ ပတ်သက်ပြီး အဖွဲ့ဝင်တွေ အကြား ပြန်ပြီး ဆွေးနွေးကြမယ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် နဲ့ မြန်မာနိုင်ငံကို ရောက်ရှိ နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ) NLD - LA ကိုယ်စားလှယ် အဖွဲ့တို့ တနင်္လာနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။

ဒီတွေ့ဆုံ ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က NLD-LA ဆိုတဲ့ နာမည်နဲ့ ရေရှည် မသွားသင့် တော့ဘူးလို့ ဆွေးနွေး ခဲ့ကြောင်း NLD-LA ဂျပန် ဌာနခွဲရဲ့ ဥက္ကဌ ဦးသန့်စင်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒီအတွက် NLD-LA ရှေ့ အနာဂတ် နဲ့ ပတ်သက်ပြီး အဖွဲ့ဝင်တွေ အကြား ပြန်ပြီး ဆွေးနွေး ရဦးမှာ ဖြစ်တယ်လို့ ဦးသန့်စင်ဦးက ပြောပါတယ်။

အခုလာမယ့် ၉ ရက်နေ့ ကျင်းပမယ့် NLD နိုင်ငံလုံး ဆိုင်ရာ ညီလာခံကိုလည်း NLD-LA ကိုယ်စားလှယ် အဖွဲ့ဟာ လေ့လာသူ အဖြစ်နဲ့ တက်ရောက်မှာ ဖြစ်တယ် လို့ ဆိုပါတယ်။

NLD-LA နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ မှုဟာ ဒါ ပထမဆုံး အကြိမ် ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။