BBC navigation

ဟောင်ကောင်က အထည်ချုပ် အပါအဝင် လုပ်ငန်းရှင်တွေ လာဆွေးနွေး

နောက်ဆုံး ရေးသားချိန် 7 မတ်လ 2013 - 01:21 GMT

ဟောင်ကောင် အထည်ချုပ် လုပ်ငန်းရှင်တွေ မြန်မာမှာ ရင်းနှီးမြုပ်နှံဖို့ လာဆွေးနွေး

မြန်မာ ဖက်က စီးပွားရေး လုပ်ငန်းရှင်တွေ ၊ မြန်မာ နိုင်ငံ စက်မှုလက်မှု ကုန်သည်ကြီးများ အသင်းက တာဝန်ရှိသူတွေနဲ့ ဟောင်ကောင်က လုပ်ငန်းရှင် တရာကျော် တွေ့ဆုံခဲ့ ကြပါတယ်။

ဟောင်ကောင်ဖက်က လျှပ်စစ် အစိတ်အပိုင်း ၊ လက်ဝတ်လက်စား ၊ နာရီ ၊ အထည်ချုပ် ၊ ဘဏ္ဍာရေး ဝန်ဆောင်မှုနဲ့ အိမ်ရာဆောက်တဲ့ လုပ်ငန်းက လုပ်ငန်းရှင်တွေ ပါဝင်တယ်လို့ သိရပါတယ်။

အထူး စိတ်ဝင်စားတာကတော့ သွင်းကုန်ပါမစ် မလိုတော့တဲ့ ကုန်ပစ္စည်းတွေနဲ့ ပတ်သက်လို့ မေးမြန်းကြတာ များတယ်လို့ မြန်မာနိုင်ငံ စက်မှု လက်မှု လုပ်ငန်းရှင်များနဲ့ ကုန်သည်ကြီးများ အသင်းက တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးခင်အောင်မြင့်က ပြောပါတယ်။

သွင်းကုန် လိုင်စင် လျှောက်စရာ မလိုတော့တဲ့ အတွက် သူတို့ စိတ်ဝင်စားကြတာ ဖြစ်တယ်လို့ သူက ရှင်းပြခဲ့ပါတယ်။

ဟောင်ကောင်က အရှေ့ တိုင်းသားတွေ ဖြစ်တဲ့ အတွက် ဟောင်ကောင် လုပ်ငန်းရှင်တွေနဲ့ စကားပြော ရတာ ရင်းနှီးနွေးထွေးမှု ရှိတယ်လို့လည်း ဆိုပါတယ်။

သူတို့ဖက်က ပလက်စတစ် အသင်း ၊ အထည်ချုပ် အသင်းနဲ့ တခြား လုပ်ငန်းရှင် အများအပြားလည်း ပါဝင်တယ်လို့ သိရပါတယ်။

လုပ်ငန်းမျိုးစုံက လုပ်ငန်းရှင်တွေနဲ့ တွေ့ရတဲ့ အတွက် ဆွေးနွေးမှုက ထိရောက်တယ်လို့ ဦးခင်အောင်မြင့်က သုံးသပ်ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။