BBC navigation

ကယား NLD အဖွဲ့ဝင် ၁ သောင်းကျော် နုတ်ထွက်

နောက်ဆုံး ရေးသားချိန် 8 မတ်လ 2013 - 16:13 GMT

သောကြာနေ့က စတင်တဲ့ ညီလာခံမှာတော့ ကယား ပြည်နယ်က NLD တွေကို တွေ့ရပါတယ်

ကယား ပြည်နယ် ၇ မြို့နယ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဝင် ၁ သောင်း ကျော်ဟာ NLD ညီလာခံ စတင် ကျင်းပတဲ့ သောကြာနေ့ မှာပဲ ပါတီဝင် အဖြစ် ကနေ နုတ်ထွက် သွား ကြပြီ ဖြစ်ပါတယ်။

အခုလို နုတ်ထွက် ရခြင်း အကြောင်းရင်း အချက် ၂ ချက် ရှိတယ်လို့ ကယား ပြည်နယ် လွိုင်ကော် မြို့နယ် NLD က စောဒယ်နီရယ် က ဘီဘီစီကို ပြောကြား ပါတယ်။

တခု ကတော့ မနှစ်က တင်ထားတဲ့ ကယား ပြည်နယ် NLD ပါတီ ဆိုင်းဘုတ် ကို တရား မဝင်ဘူး ဆိုပြီး၊ NLD ပါတီ ဗဟိုက တာဝန် ရှိသူ ဦးဉာဏ်ဝင်း ကနေ ကန့်ကွက် ပြီး ဆိုင်းဘုတ် ပြန်ဖြုတ်ခိုင်း ခဲ့တာ ကြောင့် မကျေ မနပ် ဖြစ်ခဲ့ တာလို့ ဆိုပါတယ်။

နောက်တခု ကတော့ အခု NLD ညီလာခံ တက်ရောက် နေတဲ့ ကယား ပြည်နယ်က ကိုယ်စားလှယ် တွေဟာ ပါတီဝင် တွေကို ကိုယ်စား ပြုတယ်လို့ မယူဆ တာကြောင့် ဖြစ်တယ်လို့ စောဒယ်နီရယ် က ပြောပါတယ်။

ဒီလို မကျေ မနပ် ဖြစ်မှု ကိစ္စရပ် တွေနဲ့ ပတ်သက်ပြီး ကယား ပြည်နယ် NLD အဖွဲ့ဝင် တွေဟာ ဗဟို အထိ သွားရောက် ဆွေးနွေး ပေမယ့်လည်း NLD ဗဟိုက လက်မခဲ့ အတွက် အခုလို နုတ်ထွက် ခဲ့တာလို့ သူက ပြောပါတယ်။

NLD ပါတီဟာ တနိုင်ငံ လုံးမှာ ပါတီဝင် ၁၃ သိန်း ကျော် ရှိတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။