BBC navigation

NLD ညီလာခံ စတင် ကျင်းပပြီ

နောက်ဆုံး ရေးသားချိန် 8 မတ်လ 2013 - 09:04 GMT
NLD

တက်ရောက်လာတဲ့ ကိုယ်စားလှယ်များ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမဆုံး ပါတီညီလာခံကို ရန်ကုန်မြို့ တော်ဝင် နှင်းဆီမှာ စတင် ကျင်းပနေပြီ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD ပါတီဟာ အရင် အစိုးရတွေ လက်ထက်မှာ အခက်အခဲ အမျိုးမျိုး ကြုံခဲ့ရတဲ့အတွက် စတင် တည်ထောင်ပြီး ၂၅ နှစ်ကြာမှ ညီလာခံ ကျင်းပ နိုင်တာလည်း ဖြစ်ပါတယ်။

၃ ရက် ကြာ အစည်း အဝေးကို နိုင်ငံတ၀န်းက NLD ကိုယ်စားလှယ် ၁ ထောင် နီးပါး တက်ရောက်ပြီး သောကြာနေ့မှာတော့ ဗဟိုကော်မတီဝင်တွေ စတင် ရွေးနေပြီလို့ သိရပါတယ်။

စနေနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကား ပြောဖို့ ရှိပါတယ်။

ဒီအစည်းအဝေးကနေ NLD ရဲ့ ခေါင်းဆောင်ပိုင်း ပြန်လည် ရွေးချယ်မှု နဲ့ ပါတီ မူဝါဒတွေကို ဆွေးနွေး ဆုံးဖြတ်တာတွေလည်း လုပ်ဖို့ ရှိတယ်လို့ ပါတီ ကိုယ်စားလှယ်တွေက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။