BBC navigation

နိုင်ငံလုံး ဆိုင်ရာ NLD ညီလာခံ ပြီးစီး

နောက်ဆုံး ရေးသားချိန် 8 မတ်လ 2013 - 11:08 GMT

နိုင်ငံလုံးဆိုင်ရာ NLD ညီလာခံ စတင်

  • NLD ဥက္ကဌ အဖြစ် ပြန် အရွေးခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်က ညီလာခံ အပိတ် မိန့်ခွန်း ပြောကြားရာမှာ NLD ရှေ့ဆက် ရမယ့် ခရီးဟာ လွယ်လွယ် ကူကူတော့ ဖြစ်မှာ မဟုတ်ဘူး ဆိုတာကို အလေးထား ပြောကြားခဲ့။
  • ညီလာခံ နောက်ဆုံးနေ့မှာ တက်ရောက်လာတဲ့ NLD ဝါရင့် နိုင်ငံရေး သမားတွေ ဖြစ်ကြတဲ့ ဦးတင်ဦး၊ ဦးဝင်းတင် တို့နဲ့ အတူ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။
  • သတင်းထောက်တွေနဲ့လည်း ရှင်းလင်း ပြောကြား တာတွေ ပြုလုပ်ခဲ့ပါတယ်။
  • ညီလာခံ အဖွင့် မိန့်ခွန်းမှာ ဒေါ်အောင်ဆန်း စုကြည်က NLD မှာ ဒီမိုကရေစီ စနစ် နဲ့သွား နေပြီ ဖြစ်တယ်လို့ ပြောကြား သွားပါတယ်။
  • အရင် ၂၅ နှစ် ဖြတ်သန်း ခဲ့ရစဉ် အချိန်တုန်းက အခက် အခဲ အမျိုးမျိုးနဲ့ ရင်ဆိုင် ကြုံတွေ့ခဲ့ရတာ ကြောင့် ဗဟိုကပဲ ဦးစီး လုပ်ဆောင်ခဲ့ရတာလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။
  • သောကြာနေ့ကတော့ ညီလာခံ အကြို ဖြစ်ပြီး၊ မတ်လ ၉ ရက်နေ့ကျမှာ ဒေါ်အောင်ဆန်းစုကြည် ညီလာခံ တက်ရောက်လာတာ ဖြစ်ပါတယ်။
  • တခြား ပါတီက ခေါင်းဆောင်တွေ ညီလာခံကို တက်ရောက် လာကြတဲ့ အတွက်လည်း ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင် ကြောင်း ပြောပါတယ်။
  • NLD ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကလည်း ပါတီညီလာခံနဲ့ ပတ်သက်တာတွေကို ရှင်းလင်း ပြောကြားခဲ့။
  • တက်ရောက်လာတဲ့ နိုင်ငံ တဝန်းက ကိုယ်စားလှယ်တွေ ထဲကနေ ဗဟိုကော်မတီဝင်တွေကို မဲပေး ရွေးကောက်တင် မြောက်ခဲ့ကြပါတယ်။
  • ဒေသအသီးသီးက တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တော်ကြီးတွေဟာလည်း....
  • အားတက်သရော ရှိတာကို တွေ့ရပါတယ်။
  • ညီလာခံကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ဒုတိယ ဥက္ကဌ ဦးဌေးဦး လည်း ရောက်လာပါတယ်။
  • ပလောင် တိုင်းရင်းသူတွေ ကိုလည်း ညီလာခံမှာ တွေ့ရပါတယ်။
  • သူကတော့ ခင်မေသိန်းလို့ခေါ်တဲ့ ပလောင် တိုင်းရင်းသူလေး ဖြစ်ပါတယ်။
  • ညီလာခံ ကိုယ်စားလှယ်တွေရဲ့ ကိုယ်ရေး အကျဉ်းကို စာအုပ်ထုတ်ပြီး ဖြန့်ဝေခဲ့ပါတယ်။
  • အခုကျင်းပတဲ့ NLD ပါတီ ညီလာခံဟာ အင်မတန်မှ စည်းစနစ် ရှိလှတဲ့ ညီလာခံဖြစ်တယ်လို့ အများက ချီးကျူး ပြောဆိုကြပါတယ်။
  • ညီလာခံ ခန်းမ အပြင်ဘက်မှာတော့ စားသောက် ဆိုင်တွေနဲ့လည်း စည်းကားလှ ။
  • နိုင်ငံလုံး ဆိုင်ရာ NLD ညီလာခံ အကြို အဖြစ် မတ်လ ၈ ရက်နေ့က ပါတီ နာယက ဖြစ်သူ ဦးတင်ဦးမှာ စကား ပြောကြားစဉ်။ NLD ပါတီဟာ အခက်အခဲ အမျိုးအမျိုး ကြုံခဲ့ရတဲ့ အတွက် ပါတီ တည်ထောင်ပြီး ၂၅ နှစ်ကြာမှ ညီလာခံ ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။
  • တနိုင်ငံလုံးက ညီလာခံ ကိုယ်စားလှယ် စုစုပေါင်း ၁၀၀၀ နီးပါ တက်ရောက် လာကြပါတယ်။ သောကြာနေ့ မှာတော့ ဗဟိုကော်မတီဝင်တွေ စတင် ရွေးနေပြီလို့ သိရပါတယ်။
  • စနစ်တကျတန်းစီပြီး ညီလာခံ ခန်းမထဲကို ဝင်ဖို့ စောင့်ဆိုင်းနေကြစဉ်။
  • ရှမ်းပြည်နယ်မှာ တက်ရောက်လာတဲ့ ကိုယ်စားလှယ်များကို တွေ့ရစဉ်။
  • တိုင်းရင်းသား တို့ရဲ့ ရိုးရာ ဝတ်စုံတွေကိုလည်း အခုလို တွေ့ရပါတယ်။
  • ညီလာခံ ကျင်းပရာ တော်ဝင်နှင်းဆီ ခန်းမရဲ့ အပြင်ဘက်မှာတော့ ယာဉ်ထိန်းရဲ တွေက လမ်း အသွား အလာကို ကူညီ ကြီးကြပ်ပေး ပါတယ်။
  • ညီလာခံ ခန်းမ အပြင်ဘက် မြင်ကွင်းကိုတွေ့ရစဉ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။