BBC navigation

ညီလာခံ ပထမနေ့မှာ ဗဟို ကော်မီတီဝင်ရွေးခဲ့

နောက်ဆုံး ရေးသားချိန် 8 မတ်လ 2013 - 16:14 GMT
NLD Congress Day 1

ညီလာခံ ပထမနေ့မှာ ပြည်နယ်နဲ့ တိုင်း အသီးသီး က ကိုယ်စားလှယ်တွေ တက်ရောက်လာ

နှစ်ပေါင်း၂၅ နှစ် အတွင်း NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပထမဆုံး အကြိမ် နိုင်ငံလုံး ဆိုင်ရာ ပါတီ ညီလာခံကို မတ်လ ၈ ရက် သောကြာနေ့က စတင် ကျင်းပ ခဲ့ပါတယ်။

သုံးရက်ကြာ ကျင်းပမယ့် ညီလာခံ ရဲ့ ပထမနေ့ မှာ တံခါးပိတ် စည်းဝေး ခဲ့ကြပြီး ပြည်နယ် နဲ့ တိုင်း အသီးသီးက CC ခေါ် ပါတီ ဗဟို ကော်မီတီဝင် ၁၀၀ ကျော် ကို ရွေးချယ် ခဲ့ကြ ပါတယ်။

အဲဒီ ဗဟို ကော်မီတီဝင် တွေကို ရွေးချယ်တဲ့ နေရာမှာ ရပ်ကွက် နဲ့ ကျေးရွာ အဆင့်ဆင့်မှာ ရွေးချယ် ခဲ့ကြတဲ့ ပုံစံ အတိုင်း ကိုယ်တင်မြှောက် လိုတဲ့ ကိုယ်စားလှယ်ကို တစ်ယောက်က အဆိုပြုပြီး နောက် နှစ်ယောက်က ထောက်ခံတဲ့ စနစ်နဲ့ ရွေးချယ် ခဲ့တာ ဖြစ်တယ်လို့ ရှမ်းပြည်နယ် တောင်ကြီး ခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးတင်မောင်တိုးက ပြော ပါတယ်။

အဲဒီ လူတွေ ထဲကမှ ပြည်နယ်နဲ့ တိုင်းအလိုက် တက်ရောက် ကိုယ်စားလှယ် ဦးရေရဲ့ ၁၀ ရာခိုင်နှုန်း ကိုမဲပေး စနစ်နဲ့ ထပ်မံ ရွေးချယ်တာ ဖြစ်ပါတယ်။

ညီလာခံ ပထမနေ့ တက်ရောက် လာတဲ ကိုယ်စားလှယ် အတော် များများ ကတော့ ရွေး ကောက်ပွဲဟာ မျှတမှု ရှိတယ်၊ စနစ် ကျတယ်လို့ ပြောကြ ပါတယ်။

ဒါပေမဲ့ လူဟောင်းတွေ၊ လူကြီးတွေပဲ အများကြီး ပြန်ပါ လာတယ် လို့ မြင်တဲ့ သူလည်း ရှိပါတယ်။

ဒါဟာလည်း ကိုယ်စားလှယ် ရွေးချယ်တဲ့ သူတွေက ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲတွေ ရှိနေ ကြလို့ ဖြစ်တယ်လို့ ရွှေဘို ခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်မျိုးက ပြောပါတယ်။

ညီလာခံ ဒုတိနေ့ မှာတော့ ဆက်ရွေးဖို့ ကျန်နေတဲ့ အရန် ဗဟို ကော်မီတီဝင် ၃၀ နဲ့ ဗဟို အလုပ် အမှုဆောင် ကော်မတီဝင် ၂၀ ကို ရွေးကြမယ်လို့ ညီလာခံ ကိုယ်စားလှယ် တွေက ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့လက်ရှိ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ညီလာခံ ဒုတိယနေ့ကို တက်ရောက်ဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။