BBC navigation

NLD မှာ ဗဟိုဦးစီးစနစ် ကနေ ဒီမိုကရေစီ ပြောင်းပြီ

နောက်ဆုံး ရေးသားချိန် 9 မတ်လ 2013 - 11:34 GMT

NLD ပါတီ အတွင်း အာဏာ နေရာ လု နေတာ တွေ ရှိနေတယ် ဆိုတာ ကိုလည်း သူက ဝန်ခံ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်NLD ဟာ အရင်တုန်းက အခက်အခဲ တွေနဲ့ ရင်ဆိုင် ဖြတ်သန်း ခဲ့ရတာ ဖြစ်လို့ ဗဟို ကနေသာ အဓိက ဦးစီး ဆောင်ရွက် ခဲ့ရာ ကနေ အခုတော့ ဒီမိုကရေစီ နည်းကျ ပြောင်းလဲ ဆောင်ရွက်ပြီ ဖြစ်ကြောင်း ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။

၂၅ နှစ် အတွင်း ပထမဆုံး ပြုလုပ်နိုင် ခဲ့တဲ့ နိုင်ငံလုံး ဆိုင်ရာ NLD ညီလာခံကို တက်ရောက် လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောကြားရာမှာ အခုလို ပြောကြား သွားတာ ဖြစ်ပါတယ်။

အခုညီလာခံ ကိုယ်စားလှယ် ရွေးချယ်ရာမှာ ရပ်ကျေး ကနေ တဆင့်ချင်း ဒီမိုကရေစီ နည်းကျ ရွေးချယ် ခဲ့တာ ဖြစ်ကြောင်း၊ ဒါပေမယ့်လည်း အဲဒီလို ရွေးချယ် ရာမှာ အားနည်းချက်တွေ ရှိခဲ့တယ် ဆိုတာကို သူက ဝန်ခံသွားပါတယ်။

NLD ပါတီ အတွင်း အာဏာ နေရာ လု နေတာတွေ ရှိနေတယ် ဆိုတာ ကိုလည်း သူက ဝန်ခံသွားပြီး၊ အဲဒီလို ကိစ္စတွေကို ထိန်းထိန်း သိမ်းသိမ်းနဲ့ လုပ်ကြ ဖို့ကို တိုက်တွန်း သွားပါတယ်။

ပြည်သူနဲ့ ဆက်ဆံတဲ့ နေရာမှာလည်း ဖြောင့်မတ်ဖို့ လိုအပ်ပြီး၊ မဖြစ် နိုင်တဲ့ ကတိတွေကို မပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အတိတ်က ဖြစ်ရပ် တွေကို အာဃာတ မထားဘဲ သင်္ခန်းစာ ယူကာ၊ စေ့စပ် ဆွေးနွေးရေး လမ်းကြောင်း အတိုင်း ဆက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပါတီ အနာဂတ် အတွက် သွေးသစ် လောင်းဖို့ အတွက် လူသစ်တွေကိုလည်း နေရာ ပေးရမှာ ဖြစ်ကြာင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွား ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်း အစ အဆုံးကို နားဆင်နိုင်ပါပြီ။

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ညီလာခံ မိန့်ခွန်း

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။