BBC navigation

တိုင်းရင်းသား တချို့ NLDအပေါ် မကျေနပ်

နောက်ဆုံး ရေးသားချိန် 9 မတ်လ 2013 - 16:09 GMT
တိုင်းရင်းသား ကိုယ်စားလှယ်များ တက်ရောက်လာစဉ်

တိုင်းရင်းသား ကိုယ်စားလှယ်များ တက်ရောက်လာစဉ်

NLD ပါတီညီလာခံ အဖွင့်မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပါတီတွင်း ညီညွတ်မှုရှိအောင် ပြောသွားတာဟာ တကယ်ဘဲလိုအပ်လို့ ပြောတာဖြစ်ကြောင်း ဒီမိုကရေစီ ပါတီကြီး အနေနဲ့ ညီညွတ်မှုရတာ ကောင်းတယ်လို့ထင်ကြောင်း ဒီလိုကြိုးစား ဆောင်ရွက်မယ်လို့လည်း သူယူဆကြောင်း ခွန်ထွန်းဦးက ပြောပါတယ်။

တဖက်ကလည်း ကယားပြည်နယ်က NLD ပါတီ အောက်ခြေနဲ့ အပေါ်ပိုင်း သဟာဇာတ သိပ်မဖြစ်တာကို လာပြောကြသလို ဒါဟာအခြားပါတီတခုရဲ့ ပါတီတွင်းကိစ္စ ဖြစ်လို့ သူ့အနေနဲ့ဘာမှ ဝင်မပြောလိုဘူးလို့ ခွန်ထွန်းဦးက ဘီဘီစီကိုပြောပါတယ်။

တိုင်းရင်းသား အများစုဟာ အခုအခါ လွှတ်တော်ပြင်ပမှာ ရှိကြပြီးNLD ကလွှတ်တော်ထဲကိုရောက်သွားလို့ တိုင်းရင်းသား အရေးကိစ္စတွေအတွက် အရင်ကလောက် မျှော်လင့်ချက် မထားတော့ဘူးလို့သူကဆိုပါတယ်။

အထူးသဖြင့် တိုင်းရင်းသား အရေးကိစ္စတွေဖြစ်ကြတဲ့ ကချင်စစ်ပွဲ ပြီးတော့ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခ စတာတွေကို NLD က ဘာမှထိထိရောက်ရောက် မလုပ်ပေးနိုင်လို့ တိုင်းရင်းသား အတော်များများက သိပ်မကျေနပ် ကြဘူးလို့ ခွန်ထွန်းဦးကပြောပါတယ်။

ပါတီ ညီလာခံမှာ အားသစ်လောင်းမှာတွေ အပြောင်းအလဲတွေကို စောင့်ကြည့်ရမှာ ဖြစ်သလို ဒေါ်စုက သူပြောထားတဲအတိုင်း တကယ်ဖြစ်လာရင်တော့ ကောင်းမယ်လို့ ခွန်ထွန်းဦးက ဘီဘီစီကို ပြောသွားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။