BBC navigation

ဗဟို အလုပ်အမှုဆောင် သစ်တွေ အလုပ်နဲ့ သက်သေပြရမယ်

နောက်ဆုံး ရေးသားချိန် 10 မတ်လ 2013 - 16:29 GMT
ပါတီဗဟိုကော်မတီဝင်တွေနဲ့ဒေါ်အောင်ဆန်းစုကြည်

ပါတီဗဟိုကော်မတီဝင်တွေနဲ့ဒေါ်အောင်ဆန်းစုကြည်

NLD ပါတီ ညီလာခံ ကနေ ဗဟို အလုပ်အမှု ဆောင် ၁၅ယောက် ရွေးချယ် ရာမှာ မကွေးတိုင်း ပွင့်ဖြူ မြို့နယ်မှ ပြည်သူ့ လွှတ်တော် အမတ် ဒေါက်တာ အောင်မိုးညိုက အသက် အငယ်ဆုံး ဖြစ်ပါတယ်။

အဖိနှိပ်ခံ ရတဲ့ကြားက တဖြည်းဖြည်း တက်လာရတဲ့ အတွက် အရည် အသွေး ပိုတိုးတက်အောင် ဆက်လုပ် မယ်လို့ ဘီဘီစီကို သူက ပြောပါတယ်။အခုလို ဒီမိုကရေစီ နည်းကျရွေးခံရပြီး လူထုယုံကြည် အားကိုးမှု ရှိလာအောင် အစမ်းသပ်ခံရမယ် အလုပ်နဲ့ သက်သေပြဖို့ လိုတယ်လို့ ဆိုပါတယ်။

နောက်တခါ အခုတလော ပါတီတွင်း စည်းလုံး ညီညွတ်မှု အားနည်းတယ် ဆိုတာနဲ့ ပတ်သက်လို့ စည်းရုံးရေးက အရေးကြီးကြောင်း ပါတီတွင်းမှာ ဘယ်သူက ကြိုးစားတယ် ဘယ်သူက အခွင့် အရေးယူတယ် ဆိုတာ ပါတီဝင်တွေနဲ့ ပြည်သူက ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

အများပြည်သူက ကချင် စစ်ပွဲနဲ့ ရခိုင်ပဋိပက္ခအပေါ် NLD ကဘာမှ သိပ် မလုပ်နိုင်လို့ မကျေနပ်ဘူး ဆိုတဲ့ ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်က ပါဝင် ဆောင်ရွက်ဖို့ ကမ်းလှမ်း ပေးမယ့် အာဏာပိုင် တွေက လက်ခံဖို့ လိုကြောင်းပြောပါတယ်။

အခုအခါ တာဝန်တွေ မခွဲဝေရသေး ပေမယ့် သူ့အနေနဲ့ တရားဥပဒေ စိုးမိုးရေး လယ်သမား အခွင့် အရေးတွေကို လုပ်ဖို့ စိတ်ဝင်စားကြောင်း ဒေါက်တာ အောင်မိုးညိုက ဘီဘီစီကို ပြောကြား သွားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။